
ကျိုက်ထိုမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် ၂၄.၁၀.၂၀၂၅ ရက်နေ့ နံနက် (၀၇:၃၀) အချိန်တွင် ကျိုက်ထိုမြို့နယ်၊ မြောက်ပိုင်းရပ်ကွက်ရှိ အခွန်လွတ်ဈေး၌ အပတ်စဉ် သောကြာနေ့တိုင်း ရောင်းချလျက်ရှိသည့် စားအုန်းဆီရောင်းချရာ တွင် လက်ရောက်ဝယ်ယူသူပြည်သူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကျိုက်ထိုမြို့နယ်တာဝန်ခံက စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) ပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ သိကောင်းစရာ များဆွေးနွေးပြောကြားခဲ့ပြီး အဆိုပါဟောပြောပွဲသို့ စားသုံးသူပြည်သူ (၁၅၀) ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
