Main menu

ထန်းတပင်မြို့နယ်ရှိ “ဖြိုး”စက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          (၂၃.၁၀.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဦးဦးစီးမှူးပါ (၃)ဦးတို့သည် ထန်းတပင်မြို့နယ်ရှိ “ဖြိုး”စက်သုံးဆီ ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ဓနဲရိကျေးရွာအုပ်စု ထန်းတပင်မြို့နယ်ရှိ “ဖြိုး”စက်သုံးဆီဆိုင်မှ တာဝန်ခံက မိမိဆိုင်တွင် ကားများစောင့်ဆိုင်းဝယ်ယူခြင်းလည်း မရှိပါကြောင်း ရရှိသောခွဲတမ်းများ ကိုလည်း စနစ်တကျရောင်းချပေးလျက်ရှိကြောင်း၊ ချိန်တွယ်ရာတွင်လည်း လီတာများကို ပြည့်ဝစွာ ချိန်တွယ်ပေးသောကြောင့် ဝယ်ယူသူများစိတ်ကျေနပ်မှုရရှိစေပါကြောင်း၊ ရောင်းချသော ဈေးနှုန်းမှာ လည်း အပတ်စဉ် သောကြောနေ့တိုင်း ထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချပေးပါ ကြောင်း၊ ရောင်းချသောဈေးနှုန်းများကိုလည်း အများပြည်သူမြင်သာအောင် ရိုးရိုးဆိုင်ဘုတ်ဖြင့် ဖော်ပြထားပါကြောင်းနှင့် မိမိတို့ဌာနမှလည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ထားခြင်းများ မပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)