Main menu

သရက်မြို့၊ ပြည်တော်အေးရပ်ကွက်ရှိ T Link အင်တာနက် Service Center အား ဝန်ဆောင်မှုကဏ္ဍနှင့် စပ်လျဉ်း၍ အသိပညာပေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ဝန်ထမ်းများ သည်(၂၁.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် သရက်မြို့၊ ပြည်တော်အေးရပ်ကွက် (၅)လမ်းရှိ T Link အင်တာနက် Service Center ရုံးသို့ သွားရောက်၍ အင်တာနက် ဝန်ဆောင်မှု နှင့်စပ်လျဥ်း၍ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးရာတွင် အင်တာနက်လိုင်းများ ပြတ်တောက်မှုရှိပါကသုံးစွဲသူများစိတ် ကျေနပ်မှုရရှိစေရေး ဆောင်ရွက်ပေးရန်၊ ဈေးနှုန်းများပြောင်းလဲပါက သုံးစွဲသူများသို့ ကြိုတင် အသိပေးရန်နှင့် Wifi တပ်ဆင်သုံးစွဲရန် စာချုပ်ချုပ်ဆိုရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် အသိပညာ ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)