
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို (၂၂.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းမြရိပ်ညိုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ လူငယ်အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားသုံးရန် မသင့်သော အစားအစာများနှင့် စားသုံးသူအခွင့်အရေးများ” အကြောင်းကိုလည်းကောင်း၊ မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “လူငယ်နှင့်စာရိတ္တမဏ္ဍိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဦးစောမြဖောင်းက “သဘာဝဘေးအန္တရာယ်ဆိုင်ရာသိကောင်းစရာများ” အကြောင်းကိုလည်း ကောင်း၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှိုင်ဝင်းအောင်က “မီးခိုးမြူငွေ့ကင်းစင်ရေး” အကြောင်းကိုလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဦးဇော်လင်းအောင်က လူငယ်နှင့်အားကစားအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြ သည်။
ဆက်လက်၍ မြို့နယ်အားကစားမှူး ဦးဇော်လင်းအောင်က ကျောင်းအတွက် အားကစားပစ္စည်း များပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်လွင်က လက်ခံရယူခဲ့ပြီး ကျောင်းအုပ် ဆရာကြီး ဦးခင်မောင်လွင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက်ဟောပြောပွဲအပြီးတွင် ဌာနဆိုင်ရာများက မိမိတို့ သက်ဆိုင်ရာဌာနအလိုက် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ၊ စုစပေါင်း (၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA(မကွေး)
