Main menu

နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ဆက်ဆံ‌ရေးကို မြှင့်တင်မည်ဟု ထိုင်းနိုင်ငံစီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးနှင့် စင်္ကာပူနိုင်ငံမှ ဒုတိယဝန်ကြီးချုပ် ပြောကြား

Powered by Drupal

               ထိုင်းနိုင်ငံ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Suphajee Suthumpun သည် အောက်တိုဘာလ ၂၁ ရက်နေ့တွင် စင်္ကာပူနိုင်ငံမှ ဒုတိယဝန်ကြီးချုပ် Gan Kim Yong နှင့်အတူ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ဆက်ဆံရေးအတွက် ဗီဒီယိုညီလာခံတစ်ခု ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရပါသည်။ အဆိုပါ အဆင့်မြင့် အစည်းအဝေးတွင် နှစ်နိုင်ငံကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ရေး၊ ထိုင်းနိုင်ငံစိုက်ပျိုးရေးပို့ကုန်များ အရှိန်မြှင့်တင်ရေးနှင့် ဒေသတွင်းဒစ်ဂျစ် တယ် စီးပွားရေး ပူးပေါင်းမှုများကို မောင်းနှင်ရန်အတွက် အဓိကထားဆွေးနွေးခဲ့ကြောင်း သိရပါ သည်။ အဆိုပါဆွေးနွေးမှုသည် အထူးသဖြင့် နှစ်နိုင်ငံကုန်သွယ်‌ရေးတွင် စင်္ကာပူနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုလေးနက်ရေးအတွက် ထိုင်းနိုင်ငံ၏ ကတိကဝတ်ပြုမှုကို အလေးဖော်ပြနေကြောင်း သိရပါသည်။ ဝန်ကြီးသည် ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်နှင့် အစားအသောက်ကုန် တင်ပို့မှု ချဲ့ထွင်နိုင်ချေအား အထူးအလေးပေး ပြောကြားခဲ့ကြောင်း သိရပါသည်။ အဆိုတင်ပို့မှုများသည် ထိုင်းနိုင်ငံအတွက် စင်္ကာပူနိုင်ငံစျေးကွက်ဝယ်လိုမှုကို တွေ့ဆုံနိုင်ရုံသာမက တစ်ခြားသော အပြည်ပြည်ဆိုင်ရာ စျေးကွက်များအတွက် ဝင်ရောက်နိုင်မည့် အဓိက လမ်းကြောင်း ဖြစ်နိုင် ကြောင်း သိရပါသည်။ အဆိုပါ ဗီဒီယိုညီလာခံအတွင်း ဆွေးနွေးမှုသည် ထိုင်းနိုင်ငံ၏ ဆန်ကုန်သွယ်မှု မြှင့်တင်ရန်နှင့် နှစ်နိုင်ငံလုံးအတွက် အစားအသောက် ဖူလုံမှုသေချာစေရေး အတွက် အရေးပါသောခြေ လှမ်းတစ်ခုဖြစ်ကြောင်း သဘောတူညီချက်ကို နိုဝင်ဘာလတွင် အဆုံးသတ်မည်ဖြစ်ကြောင်း သိရ ပါသည်။ ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့သည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၇.၇၅ ဘီလီယံ ခန့် တန်ကြေးရှိသော ကုန်သွယ်မှုများ ပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံသည် ကုန်သွယ်ရေးပိုငွေ အမေရိကန် ဒေါ်လာ ၂.၉၆ ဘီလီယံခန့် ရရှိခဲ့ကြောင်း သိရပါသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ အတွင်းတွင် ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့သည် အမေရိကန်ဒေါ်လာ ၁၂.၁၃ ဘီလီယံခန့် တန်ကြေးရှိသော ကုန်သွယ်မှုများ ပြုလုပ်ခဲ့ပြီး ယခင်နှစ်ထက် ၆.၂၅ ရာခိုင်နှုန်းခန့် မြင့်တက်လျက် ရှိကြောင်း သိရပါသည်။ ထိုင်းနိုင်ငံ၏ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၇.၂၁ ဘီလီယံခန့် ၁၂.၅၇ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ပြီး စင်္ကာပူနိုင်ငံ၏ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄.၉၂ ဘီလီယံခန့် ၁.၈၁ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့ကြောင်း သိရပါသည်။

DOCA (ရန်ကုန်)