Main menu

Online   Sale   နှင့်စပ်လျဉ်း၍  အွန်လိုင်းမှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

Powered by Drupal

    (၂၂.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဦးသိန်းထွန်းနှင့်ဝန်ထမ်းများသည် “Yu Collection T Shirt Wholesale ”မှ အဝတ်အထည်၊  အထည်အလိပ်နှင့်ဆက်စပ်ပစ္စည်းများအား  အမှတ် (၆၀)၊ သုမင်္ဂလာလမ်းမကြီး၊ ၁၆/၁ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်သို့သွားရောက်၍ Online Sale မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက် မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှုကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ် စာမှန်ကန်မှုရှိ/မရှိ၊  မြေပြင်စစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှုမှန်ကန်မှုရှိ/မရှိတို့ကို  မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေး သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါသည်။

DOCA (ရန်ကုန်)