Main menu

စင်္ကာပူနိုင်ငံ၏ အဓိကငွေကြေးဖောင်းပွမှု စက်တင်ဘာလတွင် ၀.၄ ရာခိုင်နှုန်းထိ မြင့်တက်လာ

Powered by Drupal

         စင်္ကာပူနိုင်ငံ၏ အဓိက ငွေကြေးဖောင်းပွမှုသည် စက်တင်ဘာလတွင် ယခင် ဩဂုတ်လက ၀.၃ ရခိုင်နှုန်းမှ တစ်နှစ်ထက်တစ်နှစ် ၀.၄ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ကြောင်း အောက်တိုဘာ လ ၂၃ ရက်နေ့တွင် ထုတ်ပြန်သော အစိုးရ၏ တရားဝင်အချက်အလက်များအရ သိရှိရပါသည်။

          ကုန်သွယ်ရေး၊ စက်မှုဝန်ကြီးဌာနနှင့် စင်္ကာပူငွေကြေးအာဏာပိုင်အဖွဲ့တို့၏ ပူးပေါင်းထုတ် ပြန်ချက်တွင် လက်လီနှင့် အခြားကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွမှု တိုးလာခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

          လစဉ်အခြေခံဖြင့် အဓိက စားသုံးသူဈေးနှုန်းများ ၀.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ အဓိက စားသုံးသူဈေးနှုန်းအညွှန်းကိန်း (CPI) သည် နေထိုင်စရိတ်နှင့် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး စရိတ်များကို ချန်လှပ်ထားပြီး အခြေခံကျသော ဝယ်လိုအားကြောင့်ဖြစ်သော ငွေကြေးဖောင်းပွမှု၏ အဓိက ငွေကြေးဖောင်းပွမှုအဖြစ် သတ်မှတ်ပါသည်။

          အလုံးစုံငွေကြေးဖောင်းပွမှုသည်လည်း မြင့်တင်ခဲ့ပြီး စက်တင်ဘာလတွင် တစ်နှစ်ထက်တစ် နှစ် ၀.၇ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ရာ သြဂုတ်လတွင် ၀.၅ ရာခိုင်နှုန်း ရှိခဲ့ပါသည်။  ယင်းသည် ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးဈေးနှုန်းများ ပိုမိုမြင့်တက်လာခြင်းနှင့်အတူအဓိကငွေကြေးဖောင်းပွမှုမြင့်တက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရှိရပါသည်။

 DOCA (ရန်ကုန်)