
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ “ ပဲခူးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း ဖွဲ့စည်းခြင်း ” အခမ်းအနားကို ၃၀.၉.၂၀၂၅ ရက်နေ့၊ နံနက် (၉: ၃၀) အချိန်၌ ကျင်းပခဲ့ရာ စားသုံးသူ ရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးနှင့် သက်ဆိုင်ရာ မိတ်ဖက်ဌာနများမှ အကြီးအကဲများ တက်ရောက်ပြီး စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပဲခူးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက ပဲခူးတိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း၊ တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်အဆင့် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်များကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ပြောကြားကာ တိုင်းဒေသကြီးအဆင့် ဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ဝင်များ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ ဒုဥက္ကဋ္ဌ၊ ဥက္ကဋ္ဌတို့ကို အများ သဘောတူညီချက်အရ ရွေးကောက်တင်မြှောက်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)
