Main menu

၂၀၂၅ ခုနှစ် ကြီးထားမှုရည်မှန်းချက်ကို ပံ့ပိုးပေးရန် တင်ပို့မှု အရှိန်မြှင့်တင်ရန် အင်ဒိုနီးရှားရည်ရွယ်

Powered by Drupal

      နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က နိုင်ငံ၏ ၂၀၂၅ ခုနှစ် စီးပွားရေးကြီးထွားနှုန်းကို အတက်ဘက်ခန့်မှန်းခဲ့ပြီးနောက် အင်ဒိုနီးရှားနိုင်ငံကုန်သွယ်ရေး ဝန်ကြီးက နိုင်ငံသည် ကျယ်ပြန့်သော စီးပွားရေးကြီးထွားမှုကို ပံ့ပိုးရန်အတွက် ပို့ကုန်ကဏ္ဍအား ကောင်းရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ ကုန်သွယ်ရေးဝန်ကြီး Budi Santoso  က ၎င်းတို့၏ တင်ပို့မှုများသည် စီးပွားရေးကြီးထွားမှု တွင် ပူးပေါင်းပါဝင်နေပြီး ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်းနှင့် နိုင်ငံ၏ တင်ပို့မှု စွမ်းရည်သည် ဆက်လက်အားကောင်းနေပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လထိ တင်ပို့မှုမှာ ၂၀၂၄ ခုနှစ် တူညီသည့်ကာလနှင့် နှိုင်းယှဉ်ပါက ၇.၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထို ၆ လတာ ကာလ ကုန်သွယ်ရေးပိုငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ ၂၉ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ် တူညီ သည့်ကာနှင့် နှိုင်းယှဉ်ပါက ၅၃.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ အင်ဒိုနီးရှားသည် ၂၀၂၄ ခုနှစ်မှစ၍ ၆၄ လ ဆက်တိုက်ကုန်သွယ်ရေးပိုငွေရရှိခဲ့ကြောင်း သိရပါသည်။ ဘဏ္ဍာရေးဝန်ကြီး Purbaya Yudhi Sadewa  က ဘဏ္ဍာရေးလှုံ့ဆော်မှုနှင့် အိမ်ထောင်စုစားသုံးမှုမြင့်တက်လာမှု၏ ကျေးဇူးကြောင့်် အင်ဒိုနီးရှားသည် ယခုနှစ်၏ နောက်ဆုံး ၃ လပတ်ကာလတွင် ကြီးထွားမှုအားကောင်း နိုင်ပြီး ထပ်တိုးလှုံ့ဆော်မှုပြုလုပ်ပါက ၅.၆၇ ရာခိုင်နှုန်းမြင့်တက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် Purbaya က နိုင်ငံတော်ပိုင်ဘဏ်များရှိ နိုင်ငံတော်ဘဏ္ဍာငွေများ၏ ပံ့ပိုးမှုဖြင့် ငွေပေါ်လွယ်မှု တိုးတက်လာခြင်း က ပြည်တွင်းသုံးစွဲမှုကို မောင်းနှင်ရန်နှင့် စီးပွားရေးတည်ငြိမ်ရန် ကူညီလျှက်ရှိ ကြောင်း ပြောကြားခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမသေချာမရေရာမှုများရှိနေသော်လည်း အရှေ့တောင်အာရှ၏ အကြီးမားဆုံးစီးပွားရေးကို ပိုင်ဆိုင်ထားသည့် အင်ဒိုနီးရှားသည် ပို့ကုန်မောင်း နှင်သည့် ကြီးထွားမှုနှင့် ပြည်တွင်းစားသုံးမှု ဟန်ချက်ညီရန် ကြိုးပမ်းနေကြောင်း သိရပါသည်။

 DOCA (ရန်ကုန်)