
ဗီယက်နမ်နှင့် စင်ကာပူ နှစ်နိုင်ငံအစိုးရအချင်းချင်း ချုပ်ဆိုမည့် ဆန်ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ၌ ဖော်ပြပါရှိမည့်အကြောင်းအရာများကို ဗီယက်နမ် ဝန်ကြီးချုပ်၏ ဆုံးဖြတ်ချက်ဖြင့် ဒုတိယဝန်ကြီးချုပ် Bùi Thanh Sơn က အတည်ပြု လက်မှတ် ရေးထိုးခဲ့ကြောင်း၊ ဆုံးဖြတ်ချက်သည် လက်မှတ်ရေးထိုးသည့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့မှ စတင်သက်ရောက်မှုရှိကြောင်း Vietnam News သတင်းဌာနက ဖော်ပြပါသည်။
အဆိုပါနားလည်မှုစာချွန်လွှာကို စင်ကာပူဘက်မှ တရားဝင်ကိုယ်စားလှယ်နှင့် လက်မှတ် ရေးထိုးနိုင်ရန်အတွက် ဗီယက်နမ်အစိုးရဘက်မှ ကိုယ်စားပြုသူအဖြစ် စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးအား ဗီယက်နမ် ဝန်ကြီးချုပ်က အခွင့်အာဏာ အပ်နှင်းထားသည်။ ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ထိုသို့ အခွင့်အာဏာအပ်နှင်းမှု လုပ်ငန်းစဉ်ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စင်ကာပူရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံး၏ အဆိုအရ စင်ကာပူနိုင်ငံ၏ ဆန်တင်သွင်းမှုသည် တည်ငြိမ်လျက်ရှိသော်လည်း ဗီယက်နမ်ဆန်သည် အိန္ဒိယ၊ ထိုင်းနှင့် ဂျပန် ပင်ရင်းနိုင်ငံများမှ ဝင် ရောက်သော အလားတူ ဆန်ထုတ်ကုန်များ၏ ပြင်းထန်သော ပြိုင်ဆိုင်မှုကို ဆက်လက်ရင်ဆိုင် နေရကြောင်း၊ ဗီယက်နမ်နှင့် နှစ်နိုင်ငံ ဆန်ကုန်သွယ်မှု သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် စင်ကာပူနိုင်ငံဘက်မှ အဆိုပြုချက်သည် ဗီယက်နမ်၏ စင်ကာပူနိုင်ငံသို့ ဆန်တင်ပို့မှုကို တည်ငြိမ် စေရန် အထောက်အကူပြုမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။
Source: Vietnam News, 26 Oct 2025 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)
