Main menu

အကောက်ခွန်နှုန်းနိမ့်ကျမှုက အမေရိကန်ဈေးကွက်၌ မလေးရှားစားအုန်းဆီ၏ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေ

Powered by Drupal

     မလေးရှား၏ စားအုန်းဆီနှင့် ကိုကိုးထုတ်ကုန်များအပါအဝင် ပို့ကုန်ပစ္စည်းအမျိုးအစား စုစု ပေါင်း ၁၇၁၁ ခုအပေါ် ၁၉ ရာခိုင်နှုန်းအောက်အထိ အကောက်ခွန်လျှော့ချရန် အမေရိကန်၏ ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ အကျိုးအမြတ်ရရှိရန်စီစဉ်ထားပြီး အမေရိကန်ဈေးကွက်၌ မလေးရှား ထုတ်ကုန်ပစ္စည်းများ၏ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းအားရှိမှုကို တိုးမြှင့်လာစေရန် မလေးရှားနိုင်ငံက မျှော်လင့်ထားကြောင်း The Edge Malaysia သတင်းဌာနက အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖော်ပြထားပါသည်။

   စိုက်ခင်းနှင့် ကုန်စည်များရေးရာဝန်ကြီးဌာန၊ မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) မှ ညွှန်ကြာ ရေးမှူးချုပ် Datuk Dr Ahmad Parveez Ghulam Kadir က အမေရိကန်သည် မလေးရှား စားအုန်းဆီနှင့် ဆီအုန်းသီးဆံမှ ထုတ်လုပ်သည့် စားအုန်းဆီထုတ်ကုန်များအတွက် အကောက်ခွန် လျှော့ချခြင်းအပြင် အဆီအက်ဆစ်နှင့် အဆီအယ်လ်ကိုဟောကဲ့သို့သော စားအုန်းဆီကို အခြေခံ သည့် ဓာတုဗေဒနည်းလမ်းအရ ပြုပြင်ထုတ်လုပ်ထားသည့်ကုန်ပစ္စည်းများ၊ ဓာတုဗေဒ ကွန်ပေါင်း ပစ္စည်းကိုလည်း အခွန်လျှော့ချမှုပြုလုပ်လာခြင်းက မလေးရှားနိုင်ငံ၏ ကုန်ကြမ်းမှ ကုန်ချော ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများအတွက် အဓိကခြေလှမ်းသစ်တစ်ခုကို တက်လှမ်းနိုင်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

          အလားတူ စားအုန်းဆီမှ ထုတ်လုပ်ရရှိသော ဗီတာမင်အေနှင့် ဗီတာမင်အီး ထုတ်ကုန်များ သည်လည်း အမေရိကန်၏ အခွန်လျှော့ချကောက်ခံခြင်းမှ အကျိုးကျေးဇူးများ ရရှိစေခဲ့ကြောင်း၊ ၎င်းသည် မလေးရှား ပို့ကုန်လုပ်ငန်းရှင်များ၏ ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်စေပြီး အထူး သဖြင့် အခြားစားအုန်းဆီထုတ်လုပ်သည့်နိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ပိုမိုမြှင့်တင်ပေးကြောင်း Mr. Ahmad Parveez က Bernama သတင်းဌာနသို့ ပြောကြားခဲ့သည်။

          အဆိုပါ အမေရိကန်၏ အခွန်လျှော့ချမှုလုပ်ဆောင်ချက်သည် မလေးရှားထုတ်ကုန်များ၏ ကုန်ကျစရိတ်ကို ထိရောက်စွာ လျှော့ချပေးပြီး အမေရိကန်ဈေးကွက်တွင် မလေးရှား၏ခြေကုပ်ရ ယူမှု အားကောင်းစေသည့် ထူးခြားသော ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အားသာချက်ကို ထောက် ပံ့ပေးကြောင်း၊ ထို့အပြင် စားအုန်းဆီကိုအခြေခံသည့် တန်ဖိုးမြှင့်ပို့ကုန်ပစ္စည်းများ တိုးချဲ့ထုတ်လုပ် ခြင်း၊ အထူးသဖြင့်စားအုန်းဆီမှဆင်းသက်လာသော ဓာတုဗေဒကွန်ပေါင်းပစ္စည်း (oleochemical) ကဏ္ဍတွင် ပိုမိုချဲ့ထွင်လာစေရန် လှုံ့ဆော်ပေးမည်ဖြစ်ကြောင်း Mr. Ahmad Parveez က ဆိုသည်။

          ၎င်းက ဆက်လက်ပြောကြားရာ၌ စျေးနှုန်းအရ တိုက်ရိုက်အားသာမှုရှိခြင်းသည် အမျိုးသား အဆင့် ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ အသိအမှတ်ပြုခံရခြင်းကို မြှင့်တင်ရန် မလေးရှားအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ထပ်လောင်းအားဖြည့်ပေးပြီး တန်ဖိုးမြင့်မားမှုနှင့် ထုတ်ကုန်အရည် အသွေးကို သတိပြုဝယ်ယူသည့် အမေရိကန်ဝယ်လက်များအား စိတ်ဝင်စားမှုမြင့်တက်စေသည်ဟု ဆိုသည်။

          မလေးရှားနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့်စက်မှု ဝန်ကြီး Tengku Datuk Seri Zafrul Abdul Aziz က အမေရိကန်-မလေးရှား နှစ်နိုင်ငံကြားချုပ်ဆိုထားသော အပြန်အလှန် ကုန်သွယ်မှု သဘောတူညီချက်အရ အမေရိကန်သို့ တင်ပို့သည့် မလေးရှားပို့ကုန်အမယ် ၁၇၁၁ ခုကို အခွန် စည်းကြပ်မှု ၁၉ ရာခိုင်နှုန်းအောက် လျော့နည်းကောက်ခံမှု ရရှိမည်ဖြစ်ကြောင်းနှင့် အဆိုပါ သဘောတူညီချက်အရ အခွန်လျှော့ချမှုတွင် စားအုန်းဆီ၊ ရော်ဘာနှင့် ကိုကိုးတို့အပြင် ဆေးဝါး ဆိုင်ရာပစ္စည်းအချို့နှင့် အာကာသယာဉ်သုံးကိရိယာများ ပါဝင်ကြောင်း အောက်တိုဘာ ၂၆ ရက်နေ့ ၌  ထုတ်ပြန်ကြေညာခဲ့သည်။

          အမေရိကန်သို့ တင်ပို့သည့် အဆိုပါ ပို့ကုန်တန်ဖိုး စုစုပေါင်းသည်  အမေရိကန်ဒေါ်လာ ၅.၂ ဘီလီယံ (မလေးရှားရင်းဂစ် ၂၁.၉ ဘီလီယံ) ရှိပြီး မလေးရှား၏ စုစုပေါင်း ပို့ကုန်ပမာဏအနက် ၁၂ ရာခိုင်နှုန်းခန့်ရှိသည်ဟု ဝန်ကြီး Mr. Tengku Datuk က ထိုနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားခဲ့ခြင်း ဖြစ်သည်။ မလေးရှားပို့ကုန်အပေါ် အမေရိကန်၏ အခွန်လျှော့ချမှုအစီအစဉ်သည် နှစ်နိုင်ငံစလုံးက လိုအပ်သော တရားဝင်စာရွက်စာတမ်းများကို အပြန်အလှန်ဖလှယ်ပြီးနောက် ရက်ပေါင်း ၆၀ အတွင်း အကျိုးသက်ရောက်မည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားသည်။

          အမေရိကန်နှင့် မလေးရှား ပူးတွဲကြေညာချက် ထုတ်ပြန်ရာတွင် မိတ်ဖက်ဆောင်ရွက်သည့် နိုင်ငံများအတွက် အလားအလာရှိသော အကောက်ခွန်နှုန်းထား ချိန်ညှိလျှော့ချမှုနှင့် စပ်လျဉ်း၍  ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့၌ ထုတ်ပြန်ထားရှိသော အမေရိကန်နိုင်ငံ၏ အမိန့်စာ အမှတ် ၁၄၃၄၆ ၏ နောက်ဆက်တွဲ (ဂ) တွင် နှစ်နိုင်ငံအပြန်အလှန် စည်းကြပ်မည့် အကောက် ခွန်နှုန်းထားကို သုညရာခိုင်နှုန်း အထိလျှော့ချနိုင်မည့် ကုန်ပစ္စည်းစာရင်းကို ခွဲခြားသတ်မှတ်ထား ပြီးဖြစ်သည်ဟု ဖော်ပြခဲ့သည်။

          အမေရိကန်နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမိန့်အမှတ် ၁၄၂၅၇ တွင် ဖော်ပြထားသော မလေးရှားနိုင်ငံမှထုတ်လုပ်သည့် မူရင်းထုတ်ကုန်ပစ္စည်းများအပေါ် ယခုပြင်ဆင်ခဲ့သည့်အတိုင်း အပြန်အလှန် အကောက်ခွန် ၁၉ ရာခိုင်နှုန်းဖြင့်သာ ဆက်လက် ထိန်း သိမ်းထားရန် ကတိပြုထားကြောင်း The Edge Malaysia သတင်းဌာန၏ ရေးသားဖော်ပြချက်များ အား တင်ပြလိုက်ရပါသည်။

Source: The Edge Malaysia, 27th Oct 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)