
ထိုင်းနိုင်ငံ၏ ဆန်တင်ပို့မှုပမာဏသည် ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ ကုန်သွယ်ရေး သဘောတူညီချက်အပြီးတွင် ၃ ပုံ ၂ ပုံခန့် ဖြတ်တောက်နိုင်ရချေရှိကြောင်း သိရပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) ၏ ဖွဲ့စည်းမှုအောက်တွင် ဂျပန်နိုင်ငံသည် အမေရိကန် နိုင်ငံမှ ဆန်ရှယ်ယာအများစုကို တင်သွင်းမည်ဟု ကတိကဝတ်ပြုခဲ့ကြောင်း အဆိုပါသဘော တူညီမှုတွင် ပါဝင်ကြောင်း သိရပါသည်။ သတ်မှတ်ပမာဏကို အခွန်ကင်းလွတ်ခွင့်ဆန်တန်ချိန် ပေါင်း ၇၇၀၀၀၀ တန်ခန့်ကို နှစ်စဥ်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရပါသည်။ အစောပိုင်း ကာလများတွင် ဂျပန်နိုင်ငံသည် ထိုင်းနိုင်ငံနှင့်အမေရိကန်နိုင်ငံများထံမှ ဆန်တန်ချိန် ၃၀၀၀၀၀ တန်ခန့်အား ခွဲဝေတင်သွင်းခဲ့ကြောင်း သိရပါသည်။ အမေရိကန်နိုင်ငံသည် မော်တော်ကားကဲ့သို့ သော ဂျပန်စက်မှုလုပ်ငန်းသုံးပစ္စည်းများအပေါ် အပြန်အလှန်အခွန်လျှော့ချင်းအတွက် ၂၅ ရာခိုင် နှုန်း အဆိုပြုထားရာမှ ၁၅ ရာခိုင်နှုန်းအထိ လျော့ချလိုက်သည့်အတွက် ဆန်သက်သာခွင့်ကို အာမခံခဲ့ကြောင်း သိရပါသည်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Suphajee Suthumpun က အောက်တိုဘာလ ၁ ရက်နေ့တွင် ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံမှဆန် တင်သွင်းခွင့်ပမာဏကို ၃၀၀၀၀၀ တန်ခန့် ရရှိရန်အတွက် နားလည်မှုစာချွန်လွှာ (MOU) ကို လက်မှတ်ရေးထိုးရန်အတွက် ညှိနှိုင်းမှုများ ပြုလုပ်ရန် ဝန်ကြီးဌာနအား ကြေညာခဲ့ကြောင်း သိရပါသည်။ အဆိုပါ တွန်းအားပေးမှုသည် ထိုင်းနိုင်ငံ၏ စျေးကွက်ရှယ်ယာများကို ရပ်တန့်စေနိုင်သည့် အမေရိကန် နိုင်ငံမှ ဆန်တင်သွင်းမှုကို ၇၅ ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်သည့် ဂျပန်နိုင်ငံ၏ လုပ်ဆောင်မှု ကြောင့် ဖြစ်ကြောင်း သိရပါသည်။ ၎င်းက ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ ပြည်တွင်း ထုတ်လုပ်တင်ပို့နိုင်စွမ်းကို ကာကွယ်ရန်အတွက် လူမှုရေးအရ တာဝန်ရှိသဖြင့် အဆိုပါ လုပ်ဆောင်မှုအား ပြုလုပ်ခဲ့ကြောင်း Suthumpun က ပြောကြားခဲ့ပါသည်။ တရားဝင် အချက်အလက်များအရ ယခုနှစ် ၇ လတာအတွင်း ထိုင်းနိုင်ငံမှ ဂျပန်နိုင်ငံ သို့ ဆန်တင်ပို့မှုသည် ယခင်နှစ်ကာလနှင့် နှိုင်းယှဥ်လျှင် ၄၂ ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိကြောင်း သိရပါသည်။
Source: The Nation Thailand
DOCA (ရန်ကုန်)
