Main menu

Haryana အစိုးရသည် ၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ပြည်နယ်မှရည်ညွှန်းစျေး ကြံစျေးနှုန်းကို ၁၀၀ ကီလိုလျှင် ၁၅ ရူပီး အဖြစ် မြှင့်တင်

Powered by Drupal

     Haryana အစိုးရသည် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကြံစျေးအတွက် ပြည်နယ်မှ ရည်ညွှန်းစျေးကို ၁၀၀ ကီလိုလျှင် ၁၅ ရူပီးအဖြစ် တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရပါသည်။ ၎င်းအစိုးရသည် ကြံပင်ပျိုများအတွက် စျေးနှုန်းကို ၁၀၀ ကီလိုလျှင် ၄၀၀ ရူပီးအဖြစ် သတ်မှတ်ထားရာမှ ၁၀၀ ကီလိုလျှင် ၄၁၅ ရူပီးအဖြစ်လည်းကောင်း၊ ကြံပင်အရင့်များအတွက် ၁၀၀ ကီလိုလျှင် ၃၉၃ ရူပီးမှ ၄၀၈ ရူပီးသို့ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သိရပါသည်။ ပြည်နယ်ရည်ညွှန်းစျေးသည် ပြည်နယ်အစိုးရမှ သီးသန့်ကြေညာသတ်မှတ်သော စျေးနှုန်းတစ်ခု ဖြစ်ကြောင်း သိရပါသည်။ ပြည်နယ်ရည်ညွှန်းစျေးရှိသော ပြည်နယ်များမှာ Punjab၊ Haryana နှင့် Uttarakhand ပြည်နယ်များဖြစ်ပြီး ၎င်းရည်ညွှန်းစျေးသည် သကြားချက်စက်ရုံများ၏  လယ်သမားများထံမှ ကြံဝယ်ယူရသည့် အနိမ့်ဆုံးစျေးဖြစ်ကြောင်း သိရပါသည်။ အဆိုပါ ရည်ညွှန်း စျေးမြင့်တက်ခြင်းကြောင့် လယ်သမားများ၏ ဝင်ငွေများတိုးပွားလျက်ရှိပြီး သကြား စက်ရုံများအား ဖိအားပေးနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဆိုသူ Rahul Chauhan ၏ ပြောကြားချက်အရ သိရပါသည်။

Source: Informist Media                                                            

DOCA (ရန်ကုန်)