
Hai Phong မြို့တော်အာဏာပိုင်များသည် လွတ်လပ်သောကုန်သွယ်ရေးဇုန် (FTZ) တည်ထောင်မည်ဟု အောက်တိုဘာလ ၁၆ ရက်နေ့က ကြေညာခဲ့ပါသည်။ ထို FTZ ကို ကုန်ထုတ် လုပ်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ဝန်ဆောင်မှုများ၊ မြင့်မားသောနည်းပညာနှင့် ဘဏ္ဍာရေးတို့အတွက် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာအချက်အချာဖြစ်လာရန် ရည်ရွယ်ကြောင်း သိရပါသည်။ ထို့ပြင် ဆန်းသစ်တီထွင်မှု၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုနှင့် စိမ်းလန်းမှုတို့ အတွက်လည်းရည်ရွယ်ကြောင်း သိရပါသည်။ မြူနီစပယ်ပြည်သူ့ကော်မတီအောက်ရှိ Hai Phong စီးပွားရေးဇုန်အာဏာပိုင်အဖွဲ့က FTZ ကိုတိုက်ရိုက်ကြီးကြပ်ကွပ်ကဲမည်ဖြစ်ပြီး စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှု၊ ရင်းနှီးမြှုပ်နှံမှုပံ့ပိုးမှု၊ ကုန်ထုတ်လုပ်မှုနှင့် ဇုန်အတွင်းလည်ပတ်မည့်လုပ်ငန်းများ အတွက် အခြားဝန်ဆောင်မှုများကို ကိုင်တွယ်ဖြေရှင်းသွားမည်ဟု သိရပါသည်။ ၆၂၉၂ ဟတ်တာ ကျယ်ဝန်းပြီး Dinh Vu- Cat Hai စီးပွားရေဇုန်နှင့် တောင်ပိုင်း Hai Phong ကမ်းရိုးတန်းစီးပွားရေး ဇုန်တို့နှင့် ချိတ်ဆက်နေသည့် FTZ တွင် ကုန်ထုတ်လုပ်ခြင်း၊ ဆိပ်ကမ်းနှင့် ထောက်ပံ့ပို့ဆောင်ရေး လည်ပတ်မှု၊ ထောက်ပံ့ပို့ဆောင်ရေးစင်တာများ၊ ကုန်သွယ်ရေး၊ ဝန်ဆောင်မှုနှင့် အခြားကဏ္ဍများ အတွက် ဧရိယာများပါဝင်မည်ဟု သိရပါသည်။ FTZ သည် ဒေသတွင်းကမ်းရိုးတန်းစီးပွားရေးဇုန် ၃ ခုအတွင်း ပြန့်နှံ့တည်ရှိပြီး တောင်ပိုင်းကမ်းရိုးတန်းစီးပွားရေးဇုန်တွင် ၂၉၂၃ ဟတ်တာ၊ Dinh Vu-Cat Hai စီးပွားရေးဇုန်တွင် ၁၀၇၇ ဟတ်တာနှင့် Cat Hai အထူးစီးပွားရေးဇုန်တွင် ၂၂၉၂ ဟတ်တာ လွှမ်းခြုံထားကြောင်း သိရပါသည်။
DOCA (ရန်ကုန်)
