Main menu

အထူးကုန်သွယ်ခွန်သက်သာမှုသဘောတူညီချက်အပေါ် ဗီယက်နမ်နှင့် ပါကစ္စတန် စတင်ဆွေးနွေး

Powered by Drupal

           ဗီယက်နမ်နှင့် ပါကစ္စတန်တို့သည် နှစ်နိုင်ငံအကြားစဉ်ဆက်မပြတ်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုပိုမိုနက်ရှိုင်းရန်အတွက် အပြန်အလှန်အထူးကုန်သွယ်ခွန်သက်သာမှုသဘောတူညီ ချက် (VPPTA)အပေါ် တရာဝင်ဆွေးနွေးမှုစတင်ခဲ့ကြောင်း သိရပါသည်။ ထိုဆွေးနွေးမှုကို ဗီယက်နမ်စက်မှု နှင့်ကုန်သွယ်ရေးဝန်ကြီး Nguyen Hong Dien ၏ ပါကစ္စတန်သို့ အောက်တိုဘာ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိသွားရောက်ခဲ့သည့် အလည်အပတ်ခရီးစဉ်အတွင်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။ အောက်တိုဘာ ၁၄ ရက်‌နေ့တွင် ဗီယက်နမ်ဝန်ကြီးသည် ပါကစ္စတန် စီးပွားကူးသန်းဝန်ကြီး Jam Kamal Khan နှင့်အပြန်အလှန်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေး အားကောင်းရန် အတွက် စီမံချက်များဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ Dien က ပါကစ္စတန်သည်တောင်အာရှတွင် ဗီယက်နမ်၏အာမခံချက်ရှိသောမိတ်ဖက်ဖြစ်ပြီး အရှေ့တောင် အာရှမှတောင်အာရှနှင့် အရှေ့အလယ်ပိုင်းဒေသသို့ ကုန်ထုတ်လုပ်ခြင်းနှင့် ကုန်သွယ်ရေး ကွန်ယက်ချိတ်ဆက်ရန် ဗျူဟာမြောက်တည်ရှိကြောင်းနှင့်နှစ်နိုင်ငံကုန်သွယ်ရေးမှာ အလား အလာနှင့်နှိုင်းယှဉ်ပါက သင့်ရုံမျှသာ ရှိကြောင်းပြောကြားခဲ့ပါသည်။ ၂၀၂၃ ခုနှစ်တွင် အပြန်အလှန် ကုန်သွယ်ရေးမှာ အမေရိကန် ဒေါ်လာ ၇၀၅ သန်း၊ ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၅၀ သန်းနှင့် ၂၀၂၅ ခုနှစ်၏ ပထမ ၉ လတွင်အပြန်အလှန်ကုန်သွယ်ရေးမှာ အမေရိကန်ဒေါ်လာ သန်း ၆၀၀ နီးပါးရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါသည်။ စီးပွားရေးနှင့် ကုန်သွယ်ရေးချိတ်ဆက်မှု ဆက်လက်မြှင့်တင်ရန်အတွက်ဗီယက်နမ်ဝန်ကြီးက အပြန်အလှန်ကုန်သွယ်ရေးအတား အဆီးများ ဖယ်ရှားရန်၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးချိတ်ဆက်မှုတိုးတက်ရန်နှင့် အဝတ် အထည်၊ အထည်အလိပ်၊ သားရေ၊ ဖိနပ်၊ ဟာလာအစားအစာ၊ စိုက်ပျိုးမွေးမြူရေးပြုပြင် ထုတ်လုပ်ခြင်း၊ စက်မှုအင်ဂျင်နီယာ ပညာ၊ စွမ်းအင်၊ ဆေးဝါး၊ ဒစ်ဂျစ်တယ်နည်းပညာနှင့် ဆန်းသစ်တီထွင်မှုအစရှိသည့် နယ်ပယ်များတွင် စီးပွားရေးချိတ်ဆက်မှုများ လွယ်ကူချောမွေ့ စေရန် အဆိုပြုခဲ့ကြောင်း သိရပါသည်။ ပါကစ္စတန်ဝန်ကြီးက ဗီယက်နမ်၏အဆိုပြုချက်များကို ကြိုဆိုခဲ့ပြီးနှစ်နိုင်ငံသည် ကုန်စည်ကုန်သွယ်ရေးတွင်သာမက ဝန်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဟာလာလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ လေကြောင်း ပို့ဆောင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ တွင် ကုန်သွယ်မှုတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်မည်ဖြစ်ကြောင်းနှင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုယန္တယားများမြှင့်တင်ရန်၊ စီးပွားရေးကိုယ်စားလှယ်အဖွဲ့များအပြန်အလှန်စေလွှတ် မှုတိုးမြှင့်ရန်နှင့် ဈေးကွက်အခွင့်အလမ်းများ တိုးချဲ့ရန်အတွက်ကုန်သွယ်ရေးမြှင့်တင်မှု အရှိန် မြှင့်တင်ရန်ပြောကြားခဲ့ကြောင်း သိရပါသည်။ ဝန်ကြီး ၂ ဦးသည် VPPTA ညှိနှိုင်းဆွေးနွေးမှုစတင် ရန် သဘောတူညီခဲ့ကြပြီး ၂၀၂၅ ခုနှစ်ကုန်တွင် သဘောတူညီချက်လက်မှတ်ရေးထိုးရန် ရည်ရွယ် ထားကြောင်း သိရပါသည်။ VPPTA သည် နှစ်နိုင်ငံကုန်သွယ်ရေးအား လက်ရှိတွင် အမေရိကန် ဒေါ်လာ ၁ ဘီလီယံအောက်သာရှိနေရာမှ လာမည့်နှစ်အနည်းငယ်အတွင်း ၅ ဆမှ ၁၀ ဆထိ မြှင့်တင်ပေးနိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။

DOCA (ရန်ကုန်)