
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် စားသုံးသူအသိပညာပေးဟောပြောပွဲများကို တောင်ပိုင်း ခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ လစဉ်အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ အောက်တို ဘာလ(၁၇)ရက်နေ့၊ နေ့လယ် (၁၄:၃၀)နာရီအချိန်တွင် အမက ထန်းပင်ကုန်းကျောင်းသို့ ဆက်စပ် ဌာနများနှင့်ပူးပေါင်း၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
ထိုသို့ စားသုံးသူအသိပညာပေးခြင်း ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦး မြို့နယ်တိုင်းရင်းဆေးပညာဦးစီး ဌာန လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုး၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဒေါ်နွယ်နွယ်အေးတို့သည် ပြန်ဆက်ဦးစီးဌာနမှ ဦးဆောင်ပြုလုပ်သော နယ်လှည့်စာ ကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ ဟောပြောပွဲများတွင် ပြန်ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက ကလေးများ အနေဖြင့် စာဖတ်ကြစေလိုကြောင်း၊ ကျောင်းစာအပြင် ပြင်ပ ဗဟုသုတများရရှိစေရန် ကျောင်းများတွင် ကျောင်းစာကြည့်တိုက်မှူးများသာရှိသည်ဖြစ်ရာ ဗဟု သုတစာအုပ်များအား လေ့လာဖတ်ရှု့ကြစေလိုကြောင်း ပြောကြားခြင်း၊ မြို့နယ်တိုင်းရင်းဆေး ပညာဦးစီးဌာန လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးမှ ပတ်ဝန်းကျင်တွင် ဆေးဖတ် ဝင်အပင်များရှိကြောင်း၊ ဆေးဖတ်ဝင်အပင်များမှ ကွမ်းရွက်၏ အသုံးဝင်ပုံများပြောကြားခြင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားသုံးသူ၏ အဓိပ္ပါယ်၊ ကုန်စည်အဓိပ္ပါယ်၊ ဝန်ဆောင်မှု၏ အဓိပ္ပါယ်နှင့် ထုတ်ပိုးထားသော အစားအစာများဝယ်ယူရာတွင် ပါရှိရမည့် မြန်မာစာဖြင့် ရေးသားဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းတို့ကို ကလေးများ နည်းလည်နိုင်မည်ပုံစံဖြင့် ဟောပြောဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ စုစု ပေါင်း(၇၃)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူနစ်နာမှုရှိလျှင် တိုင်ကြားနိုင်သည့် Consumer Call Center (1535)လိုင်းခွဲ (၂)သို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိန်စိန်မှ လက်တွေ့ခေါ်ဆို မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
