Main menu

တောင်ကိုရီယားနိုင်ငံ၏ ပို့ကုန်များသည် အောက်တိုဘာလတွင် ၂၀ ရက်နေ့အတွင်းကျဆင်း

Powered by Drupal

      တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်များသည် အောက်တိုဘာလတွင် အလုပ်ဖွင့်ရက် နည်းပါး ခြင်းကြောင့် ပထမ ရက် ၂၀ အတွင်း ဂဏန်းတစ်လုံးဖြင့် ကျဆင်းခဲ့ကြောင်း အောက်တိုဘာ ၂၁ ရက်နေ့တွင် ထုတ်ပြန်သော အကောက်ခွန်ရုံး၏ အချက်အလက်များအရ သိရှိရပါသည်။

          ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်ကထက် ၇.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၀.၁၄ ဘီလီယံ အထိရှိခဲ့ကြောင်း ကိုရီယားနိုင်ငံအကောက်ခွန်ဌာန၏ ပြောကြားချက်အရ သိရှိရ ပါသည်။

          အဆိုပါကျဆင်းမှုသည် သတ်မှတ်ကာလအတွင်း အလုပ်ဖွင့်ရက် ၂ ရက်လျော့ကျသွား ခြင်းကြောင့် ဖြစ်ပါသည်။ စက်မှုလုပ်ငန်းသုံး Semiconductor တင်ပို့မှုသည် ၂၀.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၈.၅၃ ဘီလီယံ အထိ ရောက်ရှိခဲ့သော်လည်း ကားများ၊ သံမဏိထွက်ကုန်များ၊ မိုဘိုင်းဖုန်းများ၊ ကားအပိုပစ္စည်းများ၊ စက်ကိရိယာများနှင့် အိမ်သုံးပစ္စည်း များမှာမူ နှစ်ဆ ကျဆင်းခဲ့ပါသည်။

          အမေရိကန်သို့တင်ပို့မှုသည် ၂၄.၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဗီယက်နမ်၊ ဥရောပသမဂ္ဂနှင့် ဂျပန်တို့ကို တင်ပို့မှုများသည် နှစ်ဆကျဆင်းခဲ့ပါသည်။ အောက်တိုဘာလ၏ ပထမဆုံးရက် ၂၀ အတွင်း သွင်းကုန်ပမာဏသည် ၂.၃ ရာခိုင်နှုန်း ကျုံ့သွားပြီး အမေရိကန်ဒေါ်လာ ၃၂.၉၉ ဘီလီယံသာ ရရှိခဲ့ရာ ကုန်သွယ်ရေးလိုငွေမှာ အမေရိကန်‌ဒေါ်လာ ၂.၈၅ ဘီလီယံ အထိ ရောက်ရှိလာခဲ့ပါသည်။

          သဘာဝဓာတ်ငွေ့၊ ရေနံထွက်ကုန်များ၊ Semiconductor သုံးစက်ကိရိယာများ၊ ကျောက်မီးသွေးနှင့် မိုဘိုင်းဖုန်းများတင်သွင်းမှုသည်  နှစ်ဆကျဆင်းခဲ့သော်လည်း ရေနံစိမ်းနှင့် ကားများအတွက်မှု နှစ်ဆတိုးတက်ခဲ့ပါသည်။

Source : Xinhua                                                                               

  DOCA (ရန်ကုန်)