Main menu

BYD သည် ဒီဇိုင်းပိုင်းနှင့် ဘက်ထရီပြဿနာများကြောင့် ကားအစီးရေ ၁၁၅၀၀၀ ကျော်ခန့်ကို အကြီးမားဆုံး ပြန်လည်သိမ်းဆည်းမှုပြုလုပ်

Powered by Drupal

         တရုတ်နိုင်ငံကားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော BYD သည် ၂၀၁၅ ခုနှစ်နှင့် ၂၀၂၂ ခုနှစ် အတွင်း ထုတ်လုပ်ခဲ့သော မော်ဒယ် Tang နှင့် Yuan Pro ကားများတွင် ဒီးဇိုင်းပိုင်းချွတ်ယွင်းချက် နှင့် ဘက်ထရီပိုင်းဆိုင်ရာပြဿနာများကြောင့် ကားအစီးရေ ၁၁၅၀၀၀ ခန့်ကို ပြန်လည် သိမ်းဆည်း ခဲ့ကြောင်း တရုတ်နိုင်ငံ စျေးကွက်စောင့်ကြည့်သူများက အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြောကြားချက်အရ သိရပါသည်။ BYD သည် ၂၀၁၅ ခုနှစ် မတ်လမှ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း ထုတ်လုပ်ခဲ့သော မော်ဒယ် Tang ကားအစီးရေ ၄၄၅၃၅ စီးအား ပုံမှန်မဟုတ် သော အပြစ်အနာ အဆာများပါရှိမှုကြောင့် ပြန်လည်သိမ်းဆည်းရန်အတွက် ပြည်နယ် အုပ်ချုပ်ရေးထံ အစီအစဥ် တကျ တင်သွင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် BYD သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းတွင် ရောင်းချခဲ့သော Yuan Pro ကားများတွင် ဘက်ထရီတပ်ဆင်ခြင်းနှင့်ပတ်သက်၍ အခက်အခဲများရှိသောကြောင့် မော်ဒယ် Yuan Pro ကားအစီးရေ ၇၁၂၄၈ စီးအား ပြန်လည်သိမ်းဆည်းရန် စီမံလျက်ရှိ‌ကြောင်း သိရပါသည်။ အဆိုပါ လုပ်ဆောင်မှုများမပြုလုပ်ခင်တွင် BYD သည် ၎င်းရောင်းချခဲ့သော မော်ဒယ် Dolphin နှင့် Yuan Plus လျှပ်စစ်ကားများတွင် ကားလက်ကိုင်မီးလောင်ဖြစ်ပွားမှုဆိုင်ရာ ချို့ယွင်းချက်များ ရှိနေသော ကြောင့် ကားအစီးရေ ၉၇၀၀၀ ကျော်ခန့်ကို ၂၀၂၄ ခုနှစ်တွင် ပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရ ပါသည်။

DOCA (ရန်ကုန်)