Main menu

မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု လူငယ်ရေးရာအသိပညာ ပေးဟောပြောပွဲ ကျင်းပ

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ မြောင်းတကာအခြေခံပညာအထက် တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ပူးပေါင်း၍ (၂၁.၁၀.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် ကျောင်းစာကြည်တိုက် များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုလူငယ်ရေးရာ အသိပညာပေးဟောပြော ပွဲ ကျင်းပခဲ့ပါသည်။

          ပထမဦးစွာ အသိပညာပေးဟောပြောပွဲတွင် မှော်ဘီမြို့နယ်၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးမျိုးသက်အောင်က အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာအုပ်စာပေများဖတ်ရှု့ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူး များ၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျင်းပရခြင်းရည်ရွယ်ချက်များအကြောင်း၊ မြို့နယ်စားသုံး သူ‌ရေးရာဦးစီး ဌာနမှ ဒုကြီးကြပ်ရေးမှူး ဒေါ်ဖြူဖြူမြင့်က စားသုံးသူ၏အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များနှင့် စားသုံးရန် မသင့်သော အစားအစာများအကြောင်း ဆွေးနွေးပြောပြီး အခမ်းအနားကို(၁၁:၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)