Main menu

တာမွေမြို့နယ် ၊ မေတ္တာညွှန့်ဈေးအတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်အား ကွင်း ဆင်းစစ်ဆေးခြင်း

Powered by Drupal

                (၁၆.၁၀.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၅:၀၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနမှ စုံစမ်းရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီ တို့နှင့်အတူတာမွေမြို့နယ်၊‌ မေတ္တာညွှန့်ဈေးရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် မေတ္တာညွှန့်ဈေးရှိ စားအုန်းဆီအရောင်းဆိုင်တို့အား ဝင်ရောက် စစ်ဆေးခဲ့ရာ စားအုန်းဆီ‌နှင့်ပတ်သက်ပြီး ဈေးကစားရန်အလို့ငှာစားဆီများ သိုလှောင်ထားခြင်းရှိ /မရှိတို့ကိုစစ်ဆေးခြင်း၊ မိမိရရှိသောခွဲတမ်းများကို ရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ် သို့ အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန်ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်းမှန်ကန်စွာ ချိန်တွယ်ပေးပါကြောင်း၊ လက်ကျန်များမထားရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)