Main menu

ကလေးဝမြို့၊ စည်ပင်ဈေးအတွင်းရှိ ဆန်နှင့် ဆန်ထွက်အရောင်းပစ္စည်းဆိုင်များအား ကွင်းဆင်း

Powered by Drupal

  (၁၆.၁၀.၂၀၂၅) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်းရှိ ကလေးဝမြို့၊ စည်ပင်ဈေးအတွင်း၊ ရောင်းချနေသည့် ဒေါ်မြင့်ကြည် ဆန်ထွက်ပစ္စည်း အရောင်းဆိုင်သို့ သွားရောက်၍ ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ ) မှ ဦးဆောင်၍ စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်ဟု သိရှိရပါသည်။

              စားသုံးသူရေးရာဦးစီးဌာနမှ ဦးကျော်ကျော်မိုး ( မြို့နယ်တာဝန်ခံ ) အနေဖြင့် မိမိတို့ ဆိုင်တွင် ဆန်များရောင်းချရာ၌ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ရန်၊ ဆန်များချင်တွယ်ရောင်းချရာတွင်လည်း      အချင်အတွယ်များအား ပြည့်မှီစွာ ရောင်းချရန်နှင့် ဆန်များ သိုလှောင်ရောင်းချမည်ဆိုပါက MyRo စနစ်ဖြင့် မှတ်ပုံတင် ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)