Main menu

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်း(၃/၂၀၂၅)အား ကျင်းပပြုလုပ်

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၁၆.၁၀.၂၀၂၅ ရက်နေ့မှ ၁၇.၁၀.၂၀၂၅ ရက်နေ့အထိ) စားသုံးသူ ကာကွယ်ရေးဆိုင်ရာ အသိပညာပေးသင်တန်း (၃/၂၀၂၅)အား သင်တန်း(၂)ရက်တာဖြင့် အွန်လိုင်းနှင့် လည်းကောင်း၊ လူကိုယ်တိုင်လည်းကောင်း သင်တန်းကျ င်းပခြင်းများ ဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီး ဦးစီးမှူး ဦးရဲမျိုးလွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။  

    အဆိုပါသင်တန်းတွင် စားသုံး/ ထုတ်လုံကြီးကြပ်သူ အရာရှိ ဒေါ်စုစုထွန်းမှ Online Sales ရောင်း ချခြင်းနှင့်စပ်လျဉ်း၍ သိရှိလိုက်နာရမည့် အချက်များအကြောင်းအား လည်းကောင်း၊ ဒေါ်စန္ဒာစိုးလွင်မှ စားသုံးသူရေးရာဌာနခွဲ၏ လုပ်ငန်းစဉ်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၃/ ၄/ ၅/ ၆)နှင့် ပတ်သက်၍ သိကောင်းစရာများအကြောင်းအားလည်းကောင်း၊ ဒေါ်အေးအေးခိုင်မှ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်းအားလည်းကောင်း သင်ကြားပို့ချခဲ့ပြီး ပို့ချခဲ့သည့်အကြောင်းအရာများအပေါ် မေးခွန်းများ မေးမြန်း ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြ ကြောင်း၊ သင်တန်းသို့ Zoom ဖြင့် သင်တန်းသားဦးရေ(၁၈)ဦး၊ လူကိုယ်တိုင်တက်ရောက်သည့် သင်တန်းသားဦးရေ (၁၈)ဦး စုစုပေါင်း(၃၆)ဦးတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)