Main menu

မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနတွင် အွန်လိုင်းမှတ်ပုံတင်ထားသော လုပ်ငန်းရှင်များအား အသိပညာပေးဟောပြာဆွေးနွေး

Powered by Drupal

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူ‌ရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၇)ရက်နေ့၊ မွန်းလွဲ(၁း၃၀)အချိန်တွင် မြိတ်မြို့၊ ကမ်းနားလမ်းရှိ စားသုံးသူ ရေးရာဦးစီးဌာနတွင် မြိတ်မြို့ရှိ အွန်လိုင်းမှတ်ပုံတင်ဆောင်ရွက်ထားသောလုပ်ငန်းရှင်များအား တွေ့ ဆုံပြီး အွန်လိုင်းဖြင့် မှတ်ပုံတင်ခြင်းနှင့်ရောင်းချနေမှုနှင့်ပတ်သက်၍ အသိပညာပေးခြင်းဆောင် ရွက်ခဲ့ကြောင်း သိရှိရပါ သည်။

      အသိပညာပေးဆွေးနွေးရာတွင်အွန်လိုင်းဖြင့် မှတ်ပုံတင်ဆောင်ရွက်ရခြင်းအကြောင်းအရင်း၊  သက်တမ်းကုန်ဆုံးပါက ဆောင်ရွက်ရမည့်အချက်များ ၊ မိမိတို့ရောင်းချနေသော ကုန်စည်များအား ဘေးအန္တရာယ်ကင်းစေရေးဆောင်ရွက်ရန်၊ ကုန်အညွှန်းအမှတ်အသားပါရှိမှသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့်အချက်များအား ပြောကြားခဲ့ကြောင်း သိရှိရပါ သည်။

DOCA(တနင်္သာရီ)