Main menu

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေး

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ ကုန်စည်များဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)သည် ၂၁.၁၀.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရှမ်းစုမြောက် ရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်းရှင်(၁)ဦးနှင့်တွေ့ဆုံ၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့အသိပညာပေးဆောင်ရွက်ခဲ့ရာတွင် ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး)က  စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ ဖြစ်သည့် စားသုံးသူကိုခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း၊ စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုတိုက်ရိုက်ရောင်းချခြင်း သို့မဟုတ် သွယ်ဝိုက် ရောင်းချခြင်း စသည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့် အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တာဝန်ရှိမှုအခြေအနေများ၊ ဥပဒေအခန်း(၁၈)၊ ပုဒ်မ ၄၁ ပါ ကုန်အညွှန်းအမှတ်အသားများဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ ပြည့်စုံစွာဖော်ပြပါရှိရမည့်အချက်များ၊ ဥပဒေပါတားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များအား အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)