
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်ရှိ နွယ်ခွေရပ်ကွက် မြရတနာ လမ်း၊ရွှေပြည့်စုံဆန်စက်သို့ (၁၄.၁၀.၂၀၂၅) ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတစ်ဦးတို့သည် ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံခဲ့ပါသည်။
လုပ်ငန်းရှင်နှင့်တွေ့ဆုံရာတွင် ယခုကြိတ်ခွဲသောစပါး အမျိုးအစားအနေဖြင့် ရက်၁၀၀ G7၊ မှော်ဘီ ၃၊ထိုင်းနှံကောက်စပါးသစ်များကို ကြိတ်ခွဲလျက်ရှိပြီး ရန်ကုန်သို့တင်ပို့ကြောင်း ဆန်တစ်အိတ်လျှင် ၄၅၀၀၀ ကျပ်ဖြစ်ကြောင်း၊Gasifier နှင့် တစ်နေ့ကိုအိတ် ၁၀၀/၁၂၀ ခန့် ကြိတ်ခွဲရရှိပြီး အလုပ်သမား(၅)ယောက်နှင့် ပုံမှန်ကြိတ်ခွဲ လည်ပတ်လျက်ရှိကြောင်း ၊စပါးလက်ကျန်အနေဖြင့် စပါး တင်း ၁၅၀၀ ခန့်၊ ဆန်လက်ကျန်အနေဖြင့် အိတ် ၈၀၀ခန့်ရှိကြောင်း အရောင်းအဝယ်အနေဖြင့် ပုံမှန် ရောင်းဝယ်ရပါကြောင်း ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
DOCA(ပဲခူး)
