
ရေကြည်မြို့နယ်၊ သင်္ကန်းဒေါင့်ကျေးရွာအုပ်စု၊ ငါးရန့်ချောင်းကျေးရွာဘုန်းတော်ကြီးကျောင်း တွင် (၁၁.၁၀.၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပြည်သူများ Online မှ ငွေကြေးလိမ်လည်မှု မခံရစေရေး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဆောင်ရွက်ရာတွင် Online ငွေကြေးလိမ်လည်ခြင်းပညာပေး Video Click များဖြင့် လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်က Online Sale မှတ်ပုံတင်ဆောင်ရွက်ခြင်းနှင့် Online မှ ဈေးဝယ်ရာတွင် မှတ်ပုံတင်ထားသူများထံမှသာ ဝယ်ယူခြင်း က အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းများကြောင့် ထိခိုက်နစ်နာမှုတို့နှင့် လိမ်လည်ခြင်းများကို ကာကွယ် ပေးနိုင်မည်ဖြစ်ကြောင်း ပြည်သူ (၁၃၄) ဦးအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA( ဧရာဝတီ)
