
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင် ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးရှိ ပခုက္ကူမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ဦးစား ပေးကုန်စည်(၁၀)မျိုးမှ အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားပြီးပြည့်စုံပြီး ဘေးန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ (၁၄.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀) အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၆) အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းမုန့် ဈေးတန်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုးတွင် မြန်မာဘာသာဖြင့် ဖော်ပြထားသော ကုန်စည်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက် အမှတ် (၂/၂၀၁၉)နှင့် အညီပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး ရောင်းချ နေသည့် လုပ်ငန်းရှင်များအား သက်တမ်းလွန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန်နှင့် စီးပွားရေး လုပ်ငန်း ရှင်များ၏ တာဝန်၊ ပြစ်မှုပြစ်ဒဏ် များအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)
