Main menu

ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်း ဆွေးနွေးခြင်း

Powered by Drupal

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန်တွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ(ဦးစီးအရာရှိ) သည် ပြန်ကြားရေးနှင့် ပြည် သူ့ဆက်ဆံရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စာဖတ်သူ ပြည်သူများအား ကုန်အညွှန်းအမှတ် အ သားဖော်ပြခြင်းဆိုင်ရာ သိကောင်းစရာများအကြောင်းအား အသိပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

       အဆိုပါဆွေးနွေးရာတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် စာဖတ်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်များလိုက်နာ ရမည့်အချက်များအပြင် ကုန်အညွှန်းအမှတ်အသားအဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်များ ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံ စွာပါရှိစေရေးစသည်တို့ကို ဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA (တနင်္သာရီ)