Main menu

အောင်လံမြို့၌ အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်  သရက်/အောင်လံခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၆.၁၀.၂၀၂၅) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် အောင်လံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော် မတီ၊  အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ အောင်လံမြို့ပေါ်ရှိကုန်စုံဆိုင်များတွင် ရောင်းချနေသော အသင့်သောက်အချိုရည် အမျိုး မျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့စစ်ဆေးရာ အသင့်သောက်အချိုရည်အမျိုးမျိုးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် အညီ ပြည်စုံစွာဖော်ပြထားမှု ရှိ/မရှိ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားများပြည်စုံမှုရှိ/မရှိ စစ်ဆေးခဲ့ရာ ထုတ်ကုန်လုံခြုံစိတ်ချရသော ကုန်စည်များကိုသာ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိကြောင်း  သိရှိရပါသည်။

DOCA(မကွေး)