Main menu

ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာရှိ အောင်ကမ္ဘာကိတ်မုန့်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

      ၁၄.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုခရိုင် တာဝန်ခံ ဦးအောင်ကျော်မင်း၊ မြို့နယ်တာဝန်ခံ ဦးဇော်ဦးတို့သည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့် ပူးပေါင်း၍  ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာရှိ အောင်ကမ္ဘာကိတ်မုန့်မျိုးစုံ ရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် မုန့်မျိုးစုံတို့တွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိမှု ရှိ/မရှိ၊ စားသုံးသူပြည်သူများ ဘေးအန္တရာယ် ဖြစ်နိုင်ချေ ရှိ/မရှိ၊ မုန့်မျိုးစုံတစ်မျိုးခြင်းအလိုက် ဘေးအန္တရာယ်ဖြစ်နိုင်မှုအခြေအနေ၊ ကုန်အညွှန်းအမှတ်အသား မပြည့်စုံမှုနှင့် ကြိုတင်သတိပေးထားချက်မရှိသော ကိတ်မုန့်မျိုးစုံနှင့် အခြားမုန့်များရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)