Main menu

ဆတ်သွားကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန်ခံသည် (၁၅.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် အားကစားနှင့်ကာယပညာဦး စီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဆတ်သွား ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ စံပယ်ခန်းမဆောင်၌ ဆရာ/ဆရာမ (၂၀)ဦးနှင့် အလယ်တန်းကျောင်းသား/ ကျောင်းသူ (၃၀၀)ဦးတို့အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲ၌ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ဌေးဌေးက ကုန်အညွှန်း အမှတ်အသားဆိုင်ရာ အကြောင်းကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဒေါ်ခိုင်မို့မို့ဇင်မှ မုန်တိုင်းအကြောင်းကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်မေဦးမှ ရာသီအအေးမိ၊ အဖျား၊ တုပ်ကွေး၊ အာသီးရောင်ခြင်းအကြောင်းကို လည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်ခင်မျိုးဆွေက လူငယ်နှင့်ခေါင်းဆောင်၊ ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင် အားကစားနည်းများနှင့် ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများအကြောင်းကို လည်းကောင်း အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မကွေး)