
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန်တွင် ရုံးချုပ်မှကျင်းပ ပြုလုပ်သော MyRO တွင် ဆန်စပါး သိုလှောင်ရုံ မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်းကိစ္စရပ်များနှင့် စပ်လျဥ်းသည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ အဖွင့်အမှာစကားပြော ကြားခြင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ တာဝန်ခံမှ သိုလှောင်ရုံ သက်တမ်း တိုးခြင်း၊ သိုလှောင်ရုံလုပ်ငန်းစဥ်ဖြည့်သွင်းခြင်းဆိုင်ရာကိစ္စရပ်များနှင့် အထွေထွေဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကာ ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား (၁၂း၃၀)နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (တနင်္သာရီ)
