
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် စည်ပင်သာယာမြို့မဈေးအတွင်း ကုန်ခြောက်ဆိုင်များတွင် ရောင်းချနေသော ဗူးဆီ(စားသုံးဆီအမျိုးမျိုး)တို့ကို စားသုံးသူရေးရာ ဦးစီးဌာန၊ တွံတေးမြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ မြို့နယ်ဈေးတာဝန်ခံနှင့် ပူးပေါင်း၍ အောက်တိုဘာလ(၁၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် မြို့မဈေးအတွင်းရောင်းချနေသော စားသုံး ဆီအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ပါ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများနှင့် ပြည့်စုံမှုရှိ/မရှိ၊ စားသုံးသူရေးရာ ဦးစီးဌာန၏ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ပါ ညွှန်ကြားထားချက်များနှင့် ထည့်သွင်းဖော်ပြထား ခြင်းများရှိ/မရှိနှင့် FDAထောက်ခံချက်များ ပါဝင်မှုရှိ/မရှိတို့အား စစ်ဆေးခဲ့ကြပြီး ဈေးဆိုင်ပိုင်ရှင် များအား မြို့နယ်တာဝန်ခံက ညွှန်ကြားချက်ပါ အချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး မိမိတို့ ဆိုင်တွင် ရောင်းချနေသော ဗူးဆီ (စားသုံးဆီအမျိုးမျိုး)တွင် ထိုအချက်များဖြင့် ပြည့်စုံသော ကုန်စည်ကို ရောင်းချခြင်းဖြင့် စားသုံးသူများ ထင်ယောင်ထင်မှား မဖြစ်စေဘဲ အခြေခံလိုအပ်ချက် များအပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရန် ပူးပေါင်းဆောင်ရွက်ပေးကြရန် အသိပေးခဲ့ကြောင်း သိရှိ ရပါသည်။
DOCA(ရန်ကုန်)
