
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ ရွာမမြောက်ရပ်ကွက်၊ ကဝိ မင်္ဂလာလမ်းရှိ Lucky Cow တံဆိပ်ဒိန်ချဉ်လုပ်ငန်းမှ လုပ်ငန်းရှင်ဦးဇော်နိုင်နှင့် (၉.၁၀.၂၀၂၅) ရက်နေ့ တွင်မြို့နယ်တာဝန်ခံ ဒေါ်ရီရီရှိန်မှ ဒိန်ချဉ်လုပ်ငန်းထုတ်လုပ်မှု့အခြေအနေ သိရှိနိုင်ရန် တွေ့ဆုံခဲ့ ပါသည်။
Lucky Cow ဒိန်ချဉ်လုပ်ငန်းအား တစ်နိုင်တစ်ပိုင်မိသားစုအင်အားဖြင့် လုပ်ကိုင်ခဲ့သည်မှာ (၅)နှစ်ခန့်ရှိပြီး နွားနို့ ၃၅ ပိဿာ၊၄၀ပိဿာခန့် အသုံးပြုပြီး တစ်နေ့ကိုအလေးချိန်(၀.၃) မီလီဂရမ်ဘူး ၂၅၀/၂၈၀ ခန့်ထုတ်လုပ်ပါကြောင်း၊ ကုန်ကြမ်းနွားနို့ကို မြို့တွင်းမှဝယ်ရသလို ကိုယ်ပိုင်နွားခြံမှနွားမ (၈)ကောင်မှရရှိပါကြောင်း၊ နွားနို့တစ်ပိဿာလျှင် ၄၀၀၀ ကျပ်၊ သကြားတစ်ပိဿာ ၅၀၀၀ ကျပ်၊ ရေသန့်တို့ဖြင့် ရိုးရိုးဒိန်ချဉ်ကို ထုတ်လုပ်ပါကြောင်း အသီးအစစ်ဖြစ်သော ထောပတ်၊ စတော်ဘယ်ရီ၊ နဂါးမောက်သီးတို့ဖြင့်လည်း ထုတ်လုပ်ပါကြောင်း၊ ဘူးခွံတစ်ဘူးလျှင် ၂၈၀ ကျပ်ဝယ်ရပြီး လုပ်သား မခေါ်ရဘဲ မိသားစုဝင်များနှင့်သာ စီးပွားဖြစ်ဆောင်ရွက်လျက်ရှိပြီး ဈေးကွက်အနေဖြင့် မြို့တွင်းမုန့် ဆိုင်များ၊နတ်တလင်း၊ ဇီးကုန်း၊အုတ်ဖိုမြို့များသို့ ပေးပို့ရောင်းချရပြီး ဈေးနှုန်းအနေဖြင့် ဖောက်သည် ဈေးတစ်ဘူး ၁၃၅၀ ကျပ်ပေးရပြီး ၁၅၀၀/၁၆၀၀ ကျပ်ဖြင့် ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရှိရ ပြီးစာသုံးသူရေးရာဦးစီးဌာနတွင်လည်း ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိစေရန် လျှောက်ထား ပြီးဖြစ်ကြောင်းလုပ်ငန်းရှင်အားစားသုံးသူကာကွယ်ရေးဥပဒေပါ လုပ်ငန်းရှင်၏တာဝန်များအကြောင်း ကိုအသိပညာပေး ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။
DOCA(ပဲခူး)
