Main menu

ညောင်လေးပင်မြို့ရှိ လက်လီလက်ကား ရောင်းချသောဆန်စက်များတွင် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းများအတိုင်း ရောင်းချမှု ရှိ/ မရှိကို ဌာနဆိုင်ရာများနှင့် ပူးပေါင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများကို အားတက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ၂၇.၉.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်မြို့တွင်းရှိ လက်လီ/ လက်ကား ရောင်းချလျက်ရှိသော ဆန်စက်များတွင် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိကို ဌာနဆိုင်ရာများနှင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မိတ်ဖက်ဌာနများ ဖြစ် ကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ညောင်လေးပင်မြို့ တွင်းရှိ လက်လီ/ လက်ကားရောင်းချလျက်ရှိသော ဆန်စက်များဖြစ်သည့် “အောင်ပြည့်ဖြိုး” ဆန် စက်၊ “အောင်မင်္ဂလာ” ဆန်စက်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ပြည်သူများ ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သတ်မှတ်ထားသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်းသာ ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန် အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)