Main menu

အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      (၁၄.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၁:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူး မြို့နယ်ခွဲရုံးမှ မြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် လှည်းကူးမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင် များတွင် စားသုံးဆီအမျိုးမျိုးရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးဆီအမျိုးမျိုးရောင်းချနေသော ဆိုင်များအား စစ်ဆေးခဲ့ရာတွင် အမှတ်တံဆိပ်ပါ စားသုံး ဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားသည်ကိုတွေ့ရှိရပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)