Main menu

အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ၁၀-၁၀-၂၀၂၅ရက်နေ့ နံနက် ၈နာရီအချိန်က ညောင်တုန်းမြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် မြို့နယ်စစ်ဆေး ရေးအရာရှိ ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ပြည်တွင်းမှ ထွက်ရှိ သည့် လယ်ယာထွက်ကုန် သီးနှံများ အပါအဝင် အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက်ရှိ သော ကုန်ပစ္စည်း များကို စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ရေး၊ ဈေးကွက်တွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများနှင့် လွယ်ကူစွာ ဝယ်ယူရရှိစေရေး၊ ပစ္စည်းပြတ်လပ်မှု မရှိစေရေးအတွက် မြို့မဈေးကြီး အတွင်း ရှိ ကုန်စုံဆိုင် များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

  ၎င်းအပြင် ရပ်ကွက်ရှိ ကုန်စုံဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ရာ အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်း စွာ သုံးစွဲနိုင်ရေး၊ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများ ကုန်စည်ထုတ်လုပ်မှု အခြေအနေများ၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ နှင့် ဈေးနှုန်း ဈေးကွက် အချက်အလက်များ အား  ကွင်းဆင်းစစ် ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

DOCA(ဧရာဝတီ)