
စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဦးဆောင်၍ မိတ်ဖက်ဌာနများ ဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့် ကျောက်ပန်းတောင်းမြို့၊ လွတ်လပ်ရေးရပ်ကွက်ရှိ ဒေါ်ခင်ဝင်း၏ ဆန်ရောင်းဝယ်ရေးဆိုင်သို့ ၂.၁၀.၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ဒေါ်ခင်ဝင်းဆန်လက်လီ၊လက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ်အိတ်လျှင်(၁၄၀၀၀၀)ကျပ်၊ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ်လျှင်(၁၂၅၀၀၀)ကျပ်နှင့် ဖန်သီးသုခ(၂၄)ပြည်တစ်အိတ်လျှင်(၇၀၀၀၀) ကျပ်များဖြင့် သင့်တင့်မျှတသော ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်ပိုင်ရှင် ဒေါ်ခင်ဝင်းအား ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရန်၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်းများ မပြုလုပ်ကြစေရေးတို့အား ဆွေးနွေးပြောကြားခဲ့ပါသည်။
DOCA(မန္တလေး)
