Main menu

စွန့်ပစ်ပစ္စည်းများမှ စွမ်းအင်ကူးပြောင်းသော စက်ရုံများ ဖွံ့ဖြိုးတိုးတက်ရန် ရင်းနှီးမြှုပ်နှံမှု ရှာဖွေလျှက်ရှိသော အင်ဒိုနီးရှားနိုင်ငံ

Powered by Drupal

          အင်ဒိုနီးရှားနိုင်ငံရှိ မြို့တော် ၃၃ ခု တွင် စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ကူးပြောင်းစက်ရုံများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်စေရန်အတွက် ရင်းနှီးမြုပ်နှံမှု ၉၁ ထရီလီယံရူပီယာ (အမေ ရိကန် ဒေါ်လာ ၅.၅ ဘီလီယံ) ကို လိုအပ်လျက်ရှိကြောင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှု အေဂျင်စီ Danantara ၏ CEO ဖြစ်သူ Rosan Roeslani က အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပြောကြားခဲ့သည်။ ထိုအစီအစဉ်အား တစ်ဦးတစ်ယောက်တည်းမှ ဖော်ဆောင်၍ မရနိုင်ကြောင်း ရည်မှန်းချက် အောင်မြင်ရန်အတွက် ပြည်းတွင်းသာမက နိုင်ငံတကာရှိ မိတ်ဖက်များနှင့် ပူးပေါင်း ssဆောင်ရွက်ရန် အသင့်ရှိကြောင်း Rosan မှ ဂျာကာတာတွင် ကျင်းပသော 2025 Indonesia International Sustainability Forum(IISF) တွင် ပြောကြားခဲ့သည်။

          စွန့်ပစ်ပစ္စည်းမှ စွမ်းအင်ကူးပြောင်းသော စီမံကိန်းသည် လျှပ်စစ်ဓာတ်အားရရှိ‌ရေးကို အားကောင်းစေရုံသာမက သဘာဝပတ်ဝန်းကျင်နှင့်ပြည်သူ့ကျန်မာရေးဆိုင်ရာ အကျိုးကျေးဇူးများကိုလည်း ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။ စက်ရုံတစ်ခုစီသည် တစ်နေ့ လျှင် အမှိုက်တန်ချိန် ၁၀၀၀ ခန့်ကို စီမံဆောင်ရွက်‌‌ပေးရန်ကြိုးပမ်းလျှက်ရှိပြီး အမှိုက်ပြသာနာကို ဖြေရှင်းနိုင်မည့်အဖြေကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ Rosan ၏ အဆိုအရ ထိုပရောဂျက်အား ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျှက်ရှိသော ကုမ္ပဏီပေါင်း ၁၉၀ ကျော်ရှိကြောင်း သိရသည်။ ပ‌‌‌ရောဂျက်အား ၂၀၂၅ ခုနှစ် ၏နိုဝင်ဘာ အစောပိုင်းကာလများတွင် တရားဝင်စတင်ရန် စီစဉ်ထားပြီး ပထမအဆင့်အနေဖြင့် ဂျာကာတာ၊ ဘန်ဒေါင်း၊ ဆူရာဘာယာနှင့် ဘာလီတို့ အပါအဝင် ဦးစားပေးမြို့ ၁၀ မြို့အား အာရုံစိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Source : Xinhua                                                                                  

DOCA(ရန်ကုန်)