
နယူးဇီလန်နိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးပို့ကုန်များကို မထိခိုက်စေပဲ လယ်ယာမီသိန်း ထုတ်လွှတ်မှုအား ၂၀၅၀ ခုနှစ်တွင် ၂၀၁၇ ခုနှစ်၏ ၁၄-၂၄ ရာခိုင်နှုန်းအောက်သို့ လျှော့ချထုတ်လွှတ်နိုင်ရန် ရည်မှန်းထားကြောင်းသိရသည်။ အဆိုပါလှုပ်ရှားမှုအား မွေးမြူရေးကဏ္ဍနှင့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးတိုင်ပင်ခဲ့ပြီး အစိုးရအဖွဲ့မှ အတည်ပြုထားကာ 2024 Methane Science Review အား အခြေခံ၍ ဆောင်ရွက်သွားမည်ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါပြီ တရားမျှတသောပံ့ပိုးကူညီမှုဖြင့် အစိုးရမှ ၂၀၅၀ ခုနှစ်တွင် အလုံးစုံ net zero climate ရည်မှန်းချက်ပန်းတိုင်သို့ ၎င်း၏ ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ကြောင်း ဝန်ကြီး Simon Watts မှ ပြောကြားခဲ့သည်။ အဓိကမူဝါဒ အပြောင်းအလဲများတွင် မီသိန်းပြစ်မှတ်ကို ၂၀၄၀ ခုနှစ်တွင် တရားဝင်ပြန်လည်သုံးသပ်ခြင်း၊ စိုက်ပျိုးရေးသုံးမီသိန်းထုတ်လွှတ်ခြင်းအပေါ် အခွန်မဆောင်စေဘဲ အခွန်ကောက်ခံခြင်းထက် ပရိုဆက်ဆာမက်လုံးများနှင့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများအပေါ် မှီခိုခြင်းတို့ပါဝင်ကြောင်း အစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် နယူးဇီလန်ဒေါ်လာ သန်း ၄၀၀ ကျော် (အမေရိကန် ဒေါ်လာ ၂၃၀ သန်း) ကို အစိုးရနှင့် စက်မှု လုပ်ငန်းများမှ မီသိန်းဖြတ်တောက်ခြင်းနည်းပညာ ဖွံ့ဖြိုးတိုးတက်စေရန် ရင်းနှီးမြှုပ်နှံssထား ကြောင်း သိရှိရပါသည်။
Source : Xinhua
DOCA(ရန်ကုန်)
