
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ရှိ အေးမြကြည်လင်စျေးနှင့် မြို့မစျေးတို့တွင် ရာသီစာအသီးအနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ပုပ္ပါးဒေသမှ ဩဇာသီးများလှိုင်လှိုင်ဝင်ရောက်လျက်ရှိကြောင်း၊ သြဇာသီးကို အိန္ဒိယလူမျိုးတွေက အစိမ်းစားသည့် အပြင် ကိတ်မုန့်တွေ မုန့်အချို တွေလုပ်စားကြကြောင်း၊ ကျောက်ဆည် ဈေးကွက်အတွင်းသို့ သြဂုတ်လတွင် စတင် ဝင်ရောက်လျက်ရှိပြီး သြဇာသီးစျေးနှုန်းအနေဖြင့် စက်တင်ဘာလ ပထမအပတ်တွင် အကြီးတစ်လုံး လျှင် (၁၃၀၀/-)၊ အလတ်တစ်လုံးလျှင်(၁၀၀၀/-)ကျပ်၊ အသေးတစ်လုံးလျှင်(၈၀၀/-)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာလ ပထမပတ်၊ ဒုတိယပတ်။တတိယပတ်များတွင် စျေးနှုန်းတည်ငြိမ်ခဲ့ပြီး စက်တင်ဘာလ နောက်ဆုံးအပတ်တွင် အကြီးတစ်လုံးလျှင် (၇၀၀/-)ကျပ်၊ အလတ်တစ်လုံးလျှင် (၅၀၀/- ကျပ်၊ အသေးတစ်လုံးလျှင်(၃၀၀/-) ကျပ် စျေးနှုန်းများဖြင့် ရောင်းချလျှက်ရှိပြီး သြဇာသီး များလှိုင်လှိုင် ဝင်ရောက်လျက်ရှိသောကြောင့် စျေးနှုန်းအနည်းငယ် ကျဆင်းသွားကြောင်းသိရှိရပါ သည်။
DOCA(မန္တလေး)
