
၉-၁၀-၂၀၂၅ရက်နေ့ နံနက် (၉)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဒေသတွင်း ကုန်ဈေးနှုန်း တည်ငြိမ်စေရေးနှင့် အခြေခံစားသောက်ကုန်ဈေးနှုန်းစာရင်းများ သုံးသပ်တင်ပြနိင်ရေး ဈေးကွက်အခြေအနေများကို စစ်ဆေးဆောင်ရွက်ခဲ့ကြသည်၊
စစ်ဆေးဆောင်ရွက်ရာတွင် ဦးခိုင်လွမ်းမိုးက အခြေခံစားသောက်ကုန်များကို စစ်ဆေးရာ စားသောက်ကုန်ဈေးနှုန်း သီတင်းကျွန်လပြည့်နေ့တွင်သာ အနည်းငယ်မြင့်တက်ပြီး အလှူအတန်းရက်ဖြစ်၍ ဈေးဝယ်သူပေါများသောကြောင့် မြင့်တက်လာပြီး၊ လဆုပ် ၁ရက်နေ့တွင် ဈေးနှုန်းမြင့်တက်မှု ကျဆင်းလာကြောင်းဈေးကွက်အတွင်း သိရှိရ၍ အခြေခံစားသောကုန်များကို ဝ်သမလောဘဖြင့် ရောင်းချခြင်းမျိုးမပြုလုပ်ရန်၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ပြည်သူများကို ရောင်းချပေးရန်ကို ဆိုင်ရှင်များအား အသိပညာပေး မှာကြားခဲ့ပြီး ဆိုင်ရှင်များကို ဈေးနှုန်းမှန်ကန်စေရေး၊ အလေးချိန်ပြည့်မီစွာရောင်းချနိုင်ရေးကို ပူးပေါင်းအဖွဲ့မှ ကြပ်မတ်စစ်ဆေးဆောင်ရွက်မည်ဖြစ်၍ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်ရန် လုပ်ငန်းရှင်များက သိရှိလိုက်နာမည်ဖြစ်ကြောင်း မှတ်တမ်းပြုစု၍ မြေပြင်အခြေအနေမှန် ကုန်ဈေးနှုန်းသုံးသပ်ချက်များကို ခရိုင်ဦးစီးမှူးရုံးသို့ အပတ်စဉ် တင်ပြနိုင်ရန်ပူးပေါင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)
