
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ထုတ်ကုန်များအနေဖြင့် လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားခြင်းရှိ/ မရှိ၊ စားသုံးသူများ နေ့စဉ်အသုံးပြုလျှက်ရှိသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံ စိတ်ချရမှုရှိစေရေး ကုန်စည်များကို သတ်မှတ်စံချိန်းစံညွှန်းများ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက် ရှိပါသည်။ စက်တင်ဘာလ(၂၅)ရက်၊ မွန်းလွှဲ (၁၂:၃၀)နာရီအချိန်တွင် ကျောက်ဆည် ခရိုင်ဦးစီးမှူးရုံး၌ ချမ်းမြေ့သောက်ရေသန့် ရောင်းချသည့်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံဆွေးနွေးရာ တွင်မိမိတို့ရောင်းချသည့် ကုန်ပစ္စည်းများပေါ် တွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်း အမှတ်အသားဖော်ပြရမည့် အသေးစိတ် အချက်အလက်များအား ပြည့်စုံစွာထည့်သွင်း ဖော်ပြထားရန်လိုကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံသော သက်ဆိုင်ရာ ဌာနများ၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာရောင်းချရန်လိုကြောင်း၊ လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈) ချက် ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသားများအကြောင်း ဥပဒေပြစ်မှု ၊ ပြစ်ဒဏ်များ အကြောင်းကိုလည်း အကျယ် တဝင့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)
