
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၊ ၁၀ ရက်နေ့၊ စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဆီစက်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာရေးနှင့်ညီညွှတ်သော စားသုံးဆီများ ထုတ်လုပ်နိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားကို နံနက်(၁၀)နာရီအချိန်တွင် စတင်ခဲ့ပြီး စီးပွားရေးရာဝန်ကြီးမှ တက်ရောက်အဖွင့်အမှာ စကားပြော ကြားခဲ့ပါသည်။ အခမ်းအနားသို့ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့်တကွ စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ ကုန်ပစ္စည်းစစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာန၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်းဥက္ကဌနှင့် အသင်းသားများ၊ စုစုပေါင်း အယောက်(၅၀) ခန့် တက်ရောက် ခဲ့ကြပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ ဆီစက်ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရေးအလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များ အသင်းဥက္ကဌမှလည်း မန္တလေးတိုင်းဒေသကြီး ဆီစက်လုပ်ငန်း များလည်ပတ်မှုအခြေအနေနှင့်ပတ်သက်၍လည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ မန္တလေးတိုင်း ဒေသကြီး၏ ဆီထွက်သီးနှံတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေအား လည်းကောင်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနမှ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးနှင့် လိုက်နာ ရမည့် စည်းကမ်းများနှင့်ပတ်သက်၍လည်းကောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှ အာဖလာတော့ဆင်အကြောင်းသိကောင်းစရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကုန်ပစ္စည်း စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနမှ စားသုံးဆီနှင့်အာဖလာတော့ဆင်မှိုဆိပ်၊ ကျန်းမာရေး နှင့်ညီညွတ်သောစားဆီများ ပြည်တွင်းဈေးကွက် တွင်ရရှိရေး စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ရှင်းလင်းဆွေးနွေးပြီးနောက် အခမ်းအနားသို့ တက်ရောက် လာသော ဆီစက်ပိုင်ရှင်အသင်းသားများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ ဌာနအသီးသီးက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ နိဂုံးချုပ်စကား ပြောကြားခဲ့ပြီး အခမ်းအနားကို ညနေ (၁၄:၅၅) အချိန်တွင် ရုတ်သိမ်းခဲ့ပါသည်။
DOCA (မန္တလေး)
