Main menu

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးပြည့်စုံ (ဒု-ကြီးကြပ်ရေးမှူး)သည်  မြို့နယ်စည်ပင်သာယာရေးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့် တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ် ပါက ပေါ်ဆန်းဆန်၊ ချင်း(ဂျင်း)နှင့် ကြက်သား(ဒေသ)တို့ ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပါသည်။ ယင်းသို့ ပေါ်ဆန်းဆန်ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဝယ်ရင်းဈေးမြင့်တက်ခဲ့သောကြောင့်လည်းကောင်း၊ ချင်း(ဂျင်း)ဈေးနှုန်း မြင့်တက်ရခြင်းမှာ လက်ကျန်လျော့နည်းလာသောကြောင့်လည်းကောင်း၊ ကြက်သား(ဒေသ)ဈေးနှုန်း မြင့်တက်ရခြင်းမှာ ဝယ်လိုအားများသောကြောင့် ဖြစ်ပါသည်။ စားအုန်းဆီ၊ အာလူးနှင့် ပဲတောင့်ရှည်တို့ ဈေးနှုန်းအနည်းငယ်ကျဆင်းခဲ့ပါသည်။ စားအုန်းဆီဈေးနှုန်း ကျဆင်း ရခြင်းမှာ ထိုင်း(ဘတ်)ငွေ ဈေးနှုန်းကျဆင်းခဲ့သောကြောင့်လည်းကောင်း၊ အာလူးနှင့်ပဲတောင့်ရှည် ဈေးနှုန်းကျဆင်းရခြင်းမှာ ရာသီပေါ်ထွက်ချိန်ဖြစ်သောကြောင့် ဖြစ်ပါသည်။ ကျန်အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက် ရှိပါသည်။

   ထို့နောက် စစ်ဆေးရေးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန်နှင့် စားသုံး သူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုလိုက်နာဆောင်ရွက် ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)