Main menu

လုပ်သား ၁၀၀၀၀၀ လေ့ကျင့်ပေးရန် ထိုင်းအစိုးရစီစဉ်

Powered by Drupal

          ခေတ်မီနည်းပညာများကျွမ်းကျင်ရန်အားထုတ်မှုအနေဖြင့် ထိုင်းအစိုးရသည် လုပ်သား ၁၀၀၀၀၀ ၏ကျွမ်းကျင်မှုမြှင့်တင်ပေးရန် စီစဉ်နေကြောင်း သိရပါသည်။ ဘဏ္ဍာရေးဝန်ကြီး Ekniti Nitithanprapas ၏အဆိုအရ ရင်းနှီးမြှုပ်နှံသူများသည် ထိုင်းနိုင်ငံကကျွမ်းကျင်သည့် လုပ်သားနည်းပါးသည်ဟု ယူဆနေခြင်းက အဓိကပြသနာတစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ ဝန်ကြီးက အစိုးရသည် ဘတ် ၁၀ ဘီလီယံဘက်ဂျက်ရှိသည့် Competitiveness Enhancement Fund ကို အသုံးပြု၍ လေ့ကျင့်ရေးပရိုဂရမ်များ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်းနှင့် လေ့ကျင့်မှုသည် ဈေးကွက်လိုအပ်ချက်အပေါ် အခြေခံမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့သည် ဘဏ္ဍာငွေကို စီမံခန့်ခွဲမည်ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများအား ၎င်းတို့လိုအပ်သည့် လုပ်သားကျွမ်းကျင်မှု အမျိုးအစားကိုဆုံးဖြတ်ရန်အတွက် ညှိနှိုင်း ဆွေးနွေးသွားမည်ဟု သိရပါသည်။ ဘုတ်အဖွဲ့သည် စံနှုန်းရှိသောလေ့ကျင့်‌ရေးပရိုဂရမ်များ ရေးဆွဲရန်အတွက် ပညာရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရပါသည်။ Mr Ekniti က ၎င်းတို့၏ရည်မှန်းချက်သည် ၄ လကျော်လေ့ကျင့်ခြင်းမှတစ်ဆင့် လုပ်သား ၁၀၀၀၀၀ ၏ကျွမ်းကျင်မှုကိုမြှင့်တင်ပေးပြီး စက်မှုလုပ်ငန်းကဏ္ဍများသို့ ဝင်ရောက်ကာ ရင်းနှီးမြှုပ်နှံသူများကြား လုပ်သားအရည်အသွေးပြသနာကို ဖြေရှင်းပေးရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ အစိုးရသည် SME လုပ်ငန်းများအား နည်းပညာသစ်များ အကျွမ်းတဝင်ရှိစေရေးကူညီပေးရန် အလိုရှိကြောင်း သိရပါသည်။ ဘုတ်အဖွဲ့သည် SME လုပ်ငန်းများက ၎င်းတို့၏လုပ်ငန်းများကို အသွင် ကူးပြောင်းရန်အတွက် အသေးစားလုပ်ငန်းများအတွက် ဘတ် သန်း ၂၀ အထက်နှင့် အလတ်စားလုပ်ငန်းများအတွက် ဘတ် သန်း ၅၀ အထက် ထောက်ပံ့ကြေးပရိုဂရမ် စီစဉ်ထားကြောင်း သိရပါသည်။ သို့သော် SME လုပ်ငန်းများအနေဖြင့် ထောက်ပံ့ကြေးလက်မခံမီ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု များပြီးမြောက်ထားရန်လိုအပ်ကြောင်း သိရပါသည်။ SME  လုပ်ငန်းများသည် ငွေပေါ်မလွယ်သည့် ပြသနာနှင့် မကြာခဏရင်ဆိုင်ရသောကြောင့် Mr Ekniti က ဘဏ္ဍာရေးအသင်းအဖွဲ့များအား SME လုပ်ငန်းများက အသွင်ကူးပြောင်းစဉ်အတွင်း ဘဏ္ဍာရေးပေါင်းကူးတံတားသဖွယ် ပံ့ပိုးပေးရန်တောင်းဆိုခဲ့ကြောင်း သိရပါသည်။

Bangkok Post                                                                           

DOCA (ရန်ကုန်)