
ကနေဒါက ကုန်သွယ်ရေးကွဲပြားမှုအရှိန်မြှင့်တင်မှုနှင့် ဗီယက်နမ်က ကနေဒါသို့ တင်ပို့မှုမြှင့်တင်ရန်ရည်ရွယ်နေသောကြောင့် ကနေဒါနိုင်ငံတကာအဝတ်အထည်နှင့် အထည်အလိပ်ပြပွဲသည် ဗီယက်နမ်အဝတ်အထည်နှင့် အထည်အလိပ်စီးပွားရေးလုပ်ငန်းများက ပူးပေါင်းဆောင်ရွက် မှုအခွင့်အလမ်းသစ်များရှာဖွေရန်နှင့် Comprehensive and Progressive Agreement for Trans- Pacific Partnership (CPTPP) အောက်တွင် အကောက်ခွန်အားသာချက်များကို အခွင့်အလမ်း ရယူရန်အတွက် အဓိကစင်မြင့်တစ်ခုဖြစ်လာကြောင်း သိရပါသည်။ လုပ်ငန်း ၉ ခုနှင့်ဖွဲ့စည်းထား သည့် ဗီယက်နမ်အဝတ်အထည်နှင့် အထည်အလိပ်အသင်း ( VITAS) မှ ကုန်သွယ်မှုမြှင့်တင်ရေး ကိုယ်စားလှယ်အဖွဲ့သည် လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်မှ အကျိုးအမြတ်များရယူရန်နှင့် ဈေးကွက်လမ်းကြောင်း တိုးချဲ့ရန် ရည်ရွယ်ချက်ဖြင့် ပြပွဲသို့တက်ရောက်ခဲ့ကြောင်း သိရပါသည်။ ဗီယက်နမ်၏စုစုပေါင်းတင်ပို့မှုတန်ဖိုး၏ ၄၀ ရာခိုင်နှုန်းကျော်ရှိသည့် အမေရိကန်သည် အစဉ်အလာအားဖြင့် ဗီယက်နမ်၏ ထိပ်တန်းဈေးကွက် ဖြစ်သော်လည်း လတ်တလော အကောက်ခွန်အတားအဆီးများသည် များစွာသောဗီယက်နမ် လုပ်ငန်းများအား ဈေးကွက်သစ်များ ရှာဖွေရန် တွန်းအားတစ်ခုဖြစ်ခဲ့ကြောင်း သိရပါသည်။ VITAS ၏ ဒုတိယအတွင်းရေးမှူးချုပ်ဖြစ်သူ Nguyen Thi Tuyet Mai က အဓိကအကြောင်းအရာသည် ကနေဒါဈေးကွက်တွင် ဗီယက်နမ်၏ ပို့ကုန်ဝေစုကိုတိုးချဲ့ရန်ဖြစ်ကြောင်းနှင့် CPTPP အဖွဲ့ဝင်ဖြစ်သည့် ကနေဒါသည် ဗီယက်နမ် အဝတ်အထည်နှင့် အထည်အလိပ်အတွက် အကောက်ခွန်အားသာချက်များကို ပေးစွမ်းကြောင်း ပြောကြားခဲ့ပါသည်။ သို့သော် ချည်မျှင်မှ ကုန်ချောအထိထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံးသည် CPTPP အဖွဲ့ဝင်နိုင်ငံများမှအရင်းအမြစ် ဖြစ်ရမည်ဖြစ်သောကြောင့် မူရင်းလိုအပ်ချက်စည်းမျဉ်းများနှင့် ကိုက်ညီရေးသည် အကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်နှင့် ကနေဒါတို့သည် ၂၀၁၈ ခုနှစ်တွင် CPTPP တည်ထောင်သည့်အဖွဲ့ဝင်များထဲတွင် ပါဝင်ကြောင်း သိရပါသည်။ ထိုအချိန်မှစ၍ ဗီယက်နမ်မှ ကနေဒါသို့ အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှု သည် အမေရိကန်ဒေါ်လာ သန်း ၆၀၀ မှ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံနီးပါးထိ ၂ ဆခန့် မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ထိုပြပွဲမှတစ်ဆင့် ဗီယက်နမ်လုပ်ငန်းများသည် မူရင်းအတားအဆီးများကိုဖြေရှင်းရန် အတွေးအမြင်များရရှိမည်ဖြစ်ပြီး ၎င်းတို့၏ထုတ်လုပ်မှုလုပ်ငန်းစဉ် အသွင်ကူးပြောင်းရန် သို့မဟုတ် ထောက်ပံ့မှုကွင်းဆက်တည်ထောင်ရေးတွင် မိတ်ဖက်ဖွဲ့ရန် နည်းလမ်းများကိုရှာဖွေနိုင်မည်ဟု သိရပါသည်။ ထိုကြိုးပမ်းအားထုတ်မှုများသည် ကနေဒါ ဈေးကွက်တွင် တည်ရှိပြီး အကောက်ခွန်များကင်းလွတ်ခွင့်ရရန်နှင့် အဝတ်အထည်နှင့် အထည်အလိပ်တင်ပို့မှုကို ၁၂ ရာခိုင်နှုန်းတိုးတက်ရန် အစိုးရ၏ရည်မှန်းချက်ကိုပံ့ပိုးပေးရန် ရည်ရွယ်ကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)
