Main menu

ရွှေသိန်း ဆန်စက်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   (၈-၁၀-၂၀၂၅) ရက်နေ့၊  နံနက်(၉း၃၀)  နာရီအချိန်တွင် ၊စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ   ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး) နှင့်ဝန်ထမ်းများသည်  အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အမှတ် (၁၄)၊ မြို့ပတ်လမ်း၊ သင်္ဘောကျင်းရပ် ကွက်၊ ဒေါပုံမြို့နယ်ရှိ ရွှေသိန်းဆန်စက်အားသွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအ​ခြေအနေ များကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်စက်များတွင် ဆန်/ဆန်ကွဲအရည်အသွေးများကြည့် ရှုစစ်ဆေးခြင်း၊  သိုလှောင်ရုံပမာဏ သတ်မှတ်ချက်များ ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်း ဆန်ကွဲသို လှောင်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်း၊  စပါး ၊ ဆန် ၊ ဆန်ကွဲ မြေပြင်လက်ကျန် စာရင်းကောက်ယူခြင်းများဆောင်ရွက်ခဲ့ပြီး  မြန်မာနိုင်ငံဆန်၊ စပါး အသင်းချုပ်(MRF) မှ ထုတ်ပြန် ထားသော ရည်ညွှန်းဈေးနှုန်းဖြင့်သာရောင်းချကြရန်၊ ဆန်စက်များအနေဖြင့် ဈေးနှုန်းမြင့်တင် ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းရှင်း လင်းပြောကြားခဲ့ကြောင်း သိရှိပါသည်။

DOCA(ရန်ကုန်)