Main menu

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့၊ နံနက်(၉း၀၀) နာရီအချိန်တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားအား စားသုံးသူရေးရာဦးစီးဌာနမှ တက်ရောက်ခဲ့ပါသည်။

    အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြာခြင်း၊ ကျောင်းသား/ကျောင်းသူများမှ သီချင်းများဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ခြင်း၊ တိုင်းဒေသကြီးပညာ ရေးမှူးမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှုအခြေအနေများနှင့် ကျေးဇူးတင်စကားပြောကြာခြင်း၊ ဝန်ကြီးချုပ်မှ ဘာသာစုံဂုဏ်ထူးရကျောင်းသားများအား ဆုချီးမြှင့်ခြင်း၊ ဆက်လက်၍ ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဆုပေးခြင်း၊ အောင်ချက်အကောင်းဆုံးရရှိသည့် မြို့နယ် ကျောင်း များအား ဆုချီးမြှင့်ခြင်း၊ တိုင်းဒေသကြီးအတွင်း အမှတ်အများဆုံး(၆) ဘာသာဂုဏ်ထူးရှင်မှ ကျေးဇူး တင်စကားပြောကြားခြင်းနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခြင်းများ  ဆောင်ရွက်ခဲ့ကြပြီး အခမ်း အနားအား (၁၁း၀၀) နာရီအချိန်တွင် ပြီးမြောက်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)