Main menu

ရပ်ကွက်နေပြည်သူများအား စားအုန်းဆီ၊ ကြက်ဥနှင့် ဆန်များ ရောင်းချပေးလျက်ရှိ

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အမှတ်(၇) ရပ်ကွက်တွင် စားအုန်းဆီဝယ်ယူခွင့် စာအုပ်ဖြင့် ၃.၁၀.၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် စားအုန်းဆီ၊ ဆန်နှင့် ကြက်ဥများကို စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

       မအူပင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ  စားအုန်းဆီ တစ်ပိဿာ (၆၆၇၀) ကျပ်နှုန်းဖြင့် စားအုန်းဆီ (၁၁၀) ပိဿာ၊ ဆင်းသုခဆန်တစ်ပြည် (၃၀၀၀) ကျပ်နှုန်းဖြင့် ဆန် (၁၀) အိတ်၊ ကြက်ဥတစ်လုံး (၄၀၀) ကျပ်နှုန်းဖြင့် ကြက်ဥအလုံး (၃၀၀၀) ရောင်းချပေးမှုအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မအူပင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ကြက်ခြံမွေးမြူရေးလုပ်ငန်းရှင်တို့နှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖတို့က ကြည့်ရှုအားပေးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)